ကော့သောင်းမှာ ဂက်စ်အိုးတင်လာတဲ့ ၁၀ ဘီးကားမှောက် ‌နေအိမ် ၃ လုံးနဲ့ လူတစ်ဦး မီးလောင်သေဆုံး

ဇန်နဝါရီ ၁၅-၂၀၂၁
ကောင်းလက်ျာ(VOM)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပု လဲလမ်း‌ပေါ်မှာ ဒီကနေ့ မနက်အ‌စောပိုင်းက ဂက်စ်အိုးတွေတင်လာတဲ့ ၁၀ ဘီးကား တိမ်းမှောက်ခဲ့ရာ လူနေအိမ် ၃ လုံး မီးလောင်ပျက်ဆီးပြီး လူ တစ်ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” လျှပ်စစ်မီးပေးတဲ့ မီးစက်တွေကို ဂတ်စ်အိုးလိုက်ပို့သူပါ။ ကားဒရိုင် ဦးသောင်းစိန်က အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။ အမှုလည်း သူ့ကိုဖွင့်ထားပါတယ်”လို့ ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဂတ်စ်အိုးတွေတင်လာတဲ့ ၁၀ ဘီးကား ကုန်တင်ယာဉ်ဟာ ၁၂မိုင်စခန်း
ဘက်ကနေ မြို့တ‌ွင်းကို မောင်းလာချိန် အခင်းဖြစ်နေရာမှာ အရှိန်လွန်
‌တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဂတ်စ်အိုးအချို့ပေါက်ကွဲကာ ကားမီးလောင်ခဲ့ရာကနေ အနီးရှိ လူနေအိမ်အချို့ကို မီးကူးစက်‌လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေရာကို ကော့သောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ပေမယ့် လူနေအိမ်သုံးလုံး၊ ၁၀ ဘီးယာဉ်တစ်စီး၊ဂက်စ်အိုး ၃၀ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီလောင်မှုနဲ့ပတ်သက်လို့ သေဆုံးသွားတဲ့ ယာဉ်မောင်းဖြစ်သူကို ကော့သောင်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅/၃၀၄(က)တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #ကော့သောင်း #ဂက်စ်အိုးကားမှောက် #အိမ်သုံးလုံးမီးလောင် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW