ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ အစွမ်းထက်ဒုံးပျံသစ် မြောက်ကိုရီးယား ထုတ်ဖော်ပြသ

ပြုံးယမ်း၊ ဇန်နဝါရီ-၁၅-၂၀၂၁
မျိုးဆက် (VOM)

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံအမျိုးအစားသစ်ကို ထုတ်ဖော်ပြသလိုက်ပြီး ဒါဟာ ကမ္ဘာ့ပေါ်မှာ အစွမ်းအထက်ဆုံးလက်နက်ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

ခေါင်းဆောင်ကင်ဂျုံအန်ကြီးကြပ်တဲ့ စစ်ရေးပြပွဲတစ်ခုမှာ အဲဒီဒုံးပျံသစ်အပြင် အခြားဒုံးပျံအချို့ကိုလည်း ပြသခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ရေးပြပွဲဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ အချိန်အနည်းငယ်အလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးရန်သူဖြစ်တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ နိုင်ငံရေးအစည်းအဝေးတစ်ရပ်မှာ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒုံးပျံသစ်ဟာ ယခင်ကမတွေ့ဖူးသေးတဲ့ လက်နက်ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ စစ်ရေးပြပွဲမှာ ကမ္ဘာ့အစွမ်းထက်ဆုံး ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်တဲ့ ဒုံးပျံအခြားဒုံးပျံတွေကို ပြသခဲ့ပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အားကို ပြသခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

Ref: BBC
Photo:KCNA
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW