ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခံပွဲနှင့် UECကန့်ကွက်ပွဲဦးဆောင်သူ ၁၆ဦးဖမ်းဆီးခံရ

ဇန်နဝါရီ ၂၅ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်(ကျောင်းရှေ့မှတ်တိုင်အနီး)မှာ ဒီကနေ့နေ့လယ်ပိုင်းက ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခဲ့ပွဲနဲ့ UECကန့်ကွက်ပွဲကို ဦးဆောင်ဆန္ဒပြခဲ့သူ ၁၆ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီပွဲကို လူပေါင်း ၄ ရာနီးပါးလာရောက်ခဲ့ပြီး ဆန္ဒပြဖို့ပြုလုပ်နေချိန်မှာပဲ ဦးဆောင်သူတွေကို ရဲတပ်ဖွဲကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဦးဆောင်သူ အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၆ဦးကို တာမွေမြို့မရဲစခန်းမှာ ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အဲ့ဒီနေရာမှာပဲ ရဲတွေဖမ်းဆီးပြီးနောက်ပိုင်း UECကိုကန့်ကွက်ကြောင်း တစ်ကိုယ်တော်ဆန္ဒလာပြတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသူ ဒေါ်ခင်ပြည့်လှိုင်က “အမြို့မြို့အနယ်နယ်တိုင်းမှာ မဲလိမ်မဲခိုးမှုတွေ ဆန္ဒဖော်ထုတ်နေတယ်၊ ဒါကို အစိုးရက တာဝန်ယူဖြေရှင်းပေးတာမရှိဘူး၊ ဒါကြောင့် ဆန္ဒပြရတာပါ”လို့ ပြောပါတယ်။

ဒီကနေ့ဆန္ဒပြတာကို ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဝန်းရံသူ အင်အား ၄ရာခန့်နဲ့ လာရောက်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေရဲ့တာမွေမြို့နယ်၊ ရွှေထွဋ်တင်အားကစားကွင်းကနေ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားထိလမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တပ်ထောက်ခံ #UECဆန္ဒပြသူ #ရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW