မဲစာရင်းအငြင်းပွားမှု ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ယူဖို့ KPPပါတီနဲ့ SNDPပါတီတို့က အကြံပြုတောင်းဆို

ဇန်နဝါရီ ၂၆ -၂၀၂၁ အေးချမ်းသူ(VOM) နိူင်ငံတော်အစိုးရအနေနဲ့ မဲစာရင်းကိစ္စ အငြင်းပွားနေတာတွေကို ဦးစားပေး အရေးယူဆောင်ရွက်ပြီးမှသာ လွှတ်တော်ခေါ်ယူရေးကိုဆောင်ရွက်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နဲ့ ကရင်ပြည်သူပါတီ(KPP)တို့က ဇန်နဝါရီ ၂၄ရက်မှာ သဘောထားချက်ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “ကျနော်တို့ သဘောထားက ထုတ်ပြန်ချက်ထဲကအတိုင်းပဲ အစိုးရအနေနဲ့ မဲစာရင်းအငြင်းပွားမှုကို ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ရမှာပါ”လို့ VOMကိုပြောပါတယ်။ ရွေးကောက်ပွဲပြီးလို့ မဲရလဒ်ကြေညာတဲ့အခါ မဲပေးနိူင်တဲ့ဦးရေထက သန်းချီပိုပြီးပေးထားတဲ့ မဲမသမာမှုတွေလို့ တိုင်ကြားထားတာတွေ များစွာရှိနေတဲ့အတွက် အဲ့ဒီကိစွရပ်တွေ ဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူရေးကို ဆက်လက်ဆောင်ရွက်သင့်တယ်လို့ SNDPပါတီရဲ့ ဇန်နဝါရီ ၂၄ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ကရင်ပြည်သူပါတီ(KPP)ကလည်း ဇန်နဝါရီ ၂၄ရက်နေ့က “တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှုနဲ့တည်ငြိမ်သော အနာဂတ်အတွက်လည်းကော င်း၊ တည်ဆောက်ဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေရန်ရှေးရှုပြီး နိူင်ငံတော်အစိုးရအနေဖြင့် မဲစာရင်းအငြင်းပွားမှုတွေကိုဖြေရှင်းပြီးမှသာ လွှတ်တော်ခေါ်ယူသင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ကရင်ပြညသူ့ပါတီဥက္ကဋ္ဌ ပဒိုစောထွန်းအောင်မြင့်ကလည်း “ကျနော်တို့က အကြုံပြုတာ၊ အစိုးရကို အတိုက်အခံလုပ်တာမဟုတ်ဘူး။…

Read More

YDPပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို အီလက်ထရောနစ်ဥပဒေနဲ့ ဖမ်းဆီး

ဇန်နဝါရီ ၂၅ -၂၀၂၁ အေးချမ်းသူ(VOM) အခြေခံလူတန်းစားဘဝ တိုးတက်မြှင့်မားရေးပါတီမှ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို အီလက်ထရောနစ်ဥပဒေပုဒ်မနဲ့ ဒီကနေ့နေ့လယ်ပိုင်းက မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီလိုက်တယ်လို့ တောင်ဒဂုံမြို့မရဲစခန်းကနေ သိရပါတယ်။ တောင်ဒဂုံမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက “ဖမ်းလိုက်တာတော့ဟုတ်ပါတယ်၊ မြောက်ဒဂုံမှာ ဖမ်းမိတာပါ၊ စခန်းမှူးကိုယ်တိုင် အီလက်ထရောနစ်ဥပဒေပုဒ်မ-၃၃နဲ့ အမှုဖွင့်အရေးယူထားတယ်”လို့ VOM ကိုပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး YDPပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့ “အစ်မလည်း အပြင်ရောက်နေတော့ သေချာတော့မသိသေးဘူး၊ သိရင် ပြန်ပြီးအကြောင်းပြန်ပေးပါမယ်”လို့ပြောပါတယ်။ YDPပါတီမှ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို ဇန်နဝါရီလ ၁၂ရက်နေ့က အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်က ကျောက်တံတားမြို့မရဲစခန်းမှာ ငြိမ်းစုစီပုဒ်မ -၂၀နဲ့ အမှုဖွင့်ထားတာလည်းရှိပါတယ်။ လက်ရှိမှာတော့ YDPပါတီက ဒေါ်မိုးမိုးခိုင်အပြင် အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကိုလည်း တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပုဒ်မ-၁၂၄(က)နဲ့ တရားစွဲဆိုထားတာလည်းရှိပါတယ်။ အီလက်ထရောနစ်ဥပဒေပုဒ်မ-၃၃ ဟာ ပြစ်မှုထင်ရှားပါက ထောက်ဒဏ် ၅နှစ်ကနေ ၇…

Read More

ပခုက္ကူမှာ ဝါယာရှော့ခ်ဖြစ်ပြီး ဂိုဒေါင် ၃ လုံး မီးလောင်

ဇန်နဝါရီ ၂၅ -၂၀၂၁ နေလင်းဖြူ(VOM) မကွေးတိုင်၊ ပခုက္ကူမြို့၊ စက်မှုဇုံ ၅လမ်းမှာ ဒီကနေ့နေ့လယ် ၁နာရီခွဲက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး ပဲဂိုဒေါင် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မီးလောင်မှုက ဦးမျိုးဇော်ဦး နေအိမ်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကာ ၅၀ ပေ×၂၀ပေ သွပ်မိုးထရံကာမြေစိုက် မြေပဲခွဲရုံတစ်လုံး၊ ၅၀×၂၅ပေ သွပ်မိုးထရံကာတစ်လုံး ၊ ၂၀×၁၀ပေ ယာယီတဲတစ်လုံး မီးသတ်တွက်ချက်တန်ဖိုး သုံးဆယ့်ရှစ်သိန်းကျော်ပျက်ဆီး ဆုံးရှုံးခဲ့တယ်”လို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ကပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့ လက်ရှိအချိန်ထိ စစ်ဆေးနေတယ်လို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ #voiceofmyanmar #VOM #ပခုက္ကူ #ပဲဂိုဒေါင် #ဝါယာရှော့ခ်ဖြစ်မီးလောင်

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၅ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၅- ၁- ၂၀၂၁ (VOM) – တာမွေမှာ တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲပြုလုပ်ခဲ့တဲ့ လူတွေထဲက ၁၀ ယောက် ကျော်ဖမ်းဆီးခံရ – အစိုးရအဖွဲ့သစ် ကြိုဆိုတဲ့အနေနဲ့ မန္တလေးမှာ လှုပ်ရှားမှုတွေပြုလုပ် – မွန်ပြည်နယ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာဖို့ ဒေသခံ ၁၀၀၀ နီးပါး ဆန္ဒထုတ်ဖော် – ရခိုင်အခြေစိုက် DMG သတင်းဌာနက သတင်းသမား ၂ ဦးကို တပ်မတော်က ထပ်မံအမှုဖွင့် – ဗိုလ်ကြီးအဆင့်ရှိသူ သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းမိ ၏ – မူးယစ်ဆေးဝါးအမှုနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ ဆန္ဒပြ – ထီလက်မှတ်တွေ အရောင်ပြောင်းသွားပေမယ့် ဆုငွေထုတ်ချိန် အခက်အခဲမရှိ – ဗိုလ်ချုပ်ဈေးအပါအဝင် ဈေးအားလုံးကို စစ်ဆေးနိုင်ဖို့ တိုင်းကျန်းမာကို စာတင်ထား –…

Read More

ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခံပွဲနှင့် UECကန့်ကွက်ပွဲဦးဆောင်သူ ၁၆ဦးဖမ်းဆီးခံရ

ဇန်နဝါရီ ၂၅ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်(ကျောင်းရှေ့မှတ်တိုင်အနီး)မှာ ဒီကနေ့နေ့လယ်ပိုင်းက ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခဲ့ပွဲနဲ့ UECကန့်ကွက်ပွဲကို ဦးဆောင်ဆန္ဒပြခဲ့သူ ၁၆ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီပွဲကို လူပေါင်း ၄ ရာနီးပါးလာရောက်ခဲ့ပြီး ဆန္ဒပြဖို့ပြုလုပ်နေချိန်မှာပဲ ဦးဆောင်သူတွေကို ရဲတပ်ဖွဲကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးဆောင်သူ အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၆ဦးကို တာမွေမြို့မရဲစခန်းမှာ ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ အဲ့ဒီနေရာမှာပဲ ရဲတွေဖမ်းဆီးပြီးနောက်ပိုင်း UECကိုကန့်ကွက်ကြောင်း တစ်ကိုယ်တော်ဆန္ဒလာပြတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြသူ ဒေါ်ခင်ပြည့်လှိုင်က “အမြို့မြို့အနယ်နယ်တိုင်းမှာ မဲလိမ်မဲခိုးမှုတွေ ဆန္ဒဖော်ထုတ်နေတယ်၊ ဒါကို အစိုးရက တာဝန်ယူဖြေရှင်းပေးတာမရှိဘူး၊ ဒါကြောင့် ဆန္ဒပြရတာပါ”လို့ ပြောပါတယ်။ ဒီကနေ့ဆန္ဒပြတာကို ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဝန်းရံသူ အင်အား ၄ရာခန့်နဲ့ လာရောက်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေရဲ့တာမွေမြို့နယ်၊ ရွှေထွဋ်တင်အားကစားကွင်းကနေ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားထိလမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း…

Read More

ဗိုလ်ချုပ်စျေးအပါအဝင် စျေးအားလုံးကို စစ်ဆေးနိုင်ဖို့ တိုင်းကျန်းမာကို စာတင်ထား

ဇန်နဝါရီ ၂၅ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်က ဗိုလ်ချုပ်စျေး ၊ သိမ်းကြီးစျေးအပါအဝင် စျေးအားလုံး ပြန်လည်ဖွင့်နိုင်ဖို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို အခုတစ်ပတ်အတွင်းမှာ တိုင်းကျန်းမာ ရေးအဖွဲ့က လာရောက်စစ်ဆေးပေးဖို့ စာတင်ထားတယ်လို့ သိရပါတယ်။ စျေးအားလုံးကို ဖွင့်နိုင်ဖို့ စည်းပင်စျေးကော်မတီ ၊ ကိုဗစ်ကော်မတီ နဲ့ ကျန်းမာရေးမှူးတို့ကို အရက်တစ်ပတ်က အစည်းအဝေးခေါ်တိုင်ပင်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ် ။ “ စျေးရှေ့မှာ လက်ဆေးဘေစင်တွေထားဖို့ အပူချိန်တိုင်းဖို့ ဆိုင်တွေရှေ့မှာ လက်ဆေးဘင်စင်ထားဖို့ လူတွေက ခြောက်ပေကွာနဲ့ ရောင်းဝယ်ဖို့တို့ မှာထားတာရှိတယ်။ ကျန်မာရေးခရိုင်က စစ်ဆေးမယ့်သူတွေက ဒီတစ်ပတ်ထဲလာစစ်မယ်။ ဒီတစ်ပတ်ထဲမှာ စစ်ပေးပြီးတော့မှ ဖွင့်ပေးမှာ၊ ဗိုလ်ချုပ်စျေးတစ်ခုပဲမဟုတ်ဘူး ပန်းဘဲတန်းမြို့နယ်မှာ ရှိနေတဲ့ စျေးအားလုံးအတွက်ကို လာစစ်ဖို့အတွက် စာတင်လိုက်ပြီ “ လို့ ပန်းဘဲတန်း အမှတ်(၁)တိုင်းလွှတ်‌တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက VOM ကိုပြောပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်က…

Read More

အငြင်းပွားဖွယ်နယ်စပ်မှာ အိန္ဒိယနဲ့တရုတ် တပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြန်

ဒေလီ၊ ဇန်နဝါရီ ၂၅ -၂၀၂၁ မျိုးဆက် (VOM) အငြင်းပွားနေတဲ့ နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခထပ်မံဖြစ်ပွားတာကြောင့် နှစ်ဘက်စလုံးမှာ ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဆစ်ကင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အသေးစားပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက် ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား ကမ္ဘာ့အကြာရှည်ဆုံး နယ်စပ်အငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ နှစ်ဘက်စလုံးကတော့ နယ်စပ်တစ်လျှောက်မှာ နယ်မြေပိုင်ဆိုင်မှုပိုမိုတယ်လို့ အခိုင်အမာဆိုထားကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လာဒက်ဒေသမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ခုနောက်ဆုံးဖြစ်တဲ့ ပဋပက္ခကတော့ တရုတ်ကင်းလှည့်အဖွဲ့က အိန္ဒိယပိုက်နက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့်ဖြစ်ပြီး သူတို့ကို ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo: Getty…

Read More

မွန်ပြည်နယ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာဖို့ ဒေသခံ ၁၀၀၀ ခန့် ဆန္ဒထုတ်ဖော်

ဇန်နဝါရီ ၂၅ -၂၀၂၁ ခွန်ခမ့်သူ(VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာဖို့ ဒေသခံ ၁၀၀၀ ခန့်က မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့က ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ နီးပါးဟာ မြစ်ကျိုးကျေးရွာကနေ လေးကေကျေးရွာအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ ဦးစောမြအေးက”အဓိကက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့နဲ့ ခိုင်မာဖို့က အဓိကဆန္ဒ။ တိုက်ပွဲဖြစ်တော့ ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးရတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး စစ်ဘေးစစ်ဒဏ်ကို ဒေသခံတွေ ခံစားလာရတာ ကြာပြီ။ ဒီလိုမျိုးထပ်မဖြစ်ဖို့ ဆန္ဒထုတ်ဖော်ရတာ”လို့ ပြောပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ(NCA)စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး ၊ နှစ်ဖက်လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဆောင်ရွက်ရေး။ ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ကျေးရွာအတွင်း တပ်စွဲထားတဲ့ တပ်စခန်းတွေ အလိုမရှိ။…

Read More

ဒီးမော့ဆို ခူးပရာတောင်ကို ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မယ်

ဇန်နဝါရီ ၂၅ -၂၀၂၁ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနီးက ခူးပရာတောင်တန်း‌ဒေသကို သဘာဝအခြေခံခရီးသွားလုပ်ငန်း ဒေသသစ်အဖြစ် ဖော်ဆောင်နေတယ်လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ” ထိုင်းနိုင်ငံဘက်ကပြန်လာမယ့် ကယန်းတိုင်းရင်းသားတွေနဲ့ ဒေသခံတွေထဲမှာ ခရီးသွားလုပ်ငန်းလုပ်ချင်သူတွေကို နေရာချပေးမယ့် အစီစဉ်လည်းပါတယ်။ ဒီ‌း‌မော့ဆိုမြို့နယ်၊ ပန်ပက်ရွာတစ်ဝိုက်‌လို့ပြောရမှာပါ”လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။ လုပ်ငန်းဖော်ဆောင်ရာမှာ ကယန်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့၊ ဂျပ်ခုတ်လုပ်ငန်း၊ ‌Trekking နဲ့တောတောင်ရေမြေသဘာဝရှုခင်းကို လေ့လာနိုင်မှာဖြစ်သလို ရာသီဥတုအပေါ်မူတည်ပြီး တိမ်ပင်လယ်ရှုခင်းတွေကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ” သစ်တောကြိုးဝိုင်းနေရာဆိုတော့ မြေ အမည်ပေါက်ရအောင်လျှောက်တာကို အရင်လုပ်ရတယ်။ အခု ပြည်နယ်အစိုးရအဖွဲ့ဆီတင်ထားပြီ။ ပန်ပက်ဒေသကဟိုဘက်ကဆင်ဖြူတောင်ထက် ပိုလှတယ်”လို့ ပြောပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ မိုင်သုံးဆယ်ကျော်သာ ကွာဝေးတဲ့ ခူးပရာတောင်‌‌ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ…

Read More

မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ-၂၅-၂၀၂၁ မျိုးဆက်(VOM) မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါဟာ သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ သူ့မှာ ရောဂါ အပျော့စားရောဂါလက္ခဏာတွေ ပြသပြီးနောက် ဆေးစစ်ကြည့်ရာမှာ ရောဂါကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ အသက် ၆၅ နှစ်အရွယ် မက္ကဆီကိုသမ္မတက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူတစ်သိန်းခွဲနီးပါး သေဆုံးနေပြီး ကူးစက်မှုတွေ မြင့်တက်နေချိန် သမ္မတမှာပါ ရောဂါကူးစက်ခံရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးဝယ်ယူရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးခြင်းအပါအဝင် နေအိမ်မှသာ တာဝန်တွေထမ်းဆောင်သွားမယ်လို့ သမ္မတ လိုပက်ဇ်အိုဘရာဒေါက ပြောပါတယ်။ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးဟာ ရောဂါကာကွယ်ဖို့ ထိရောက်တယ်ဆိုရင် ဆေးအလုံးရေ ၁၂ သန်းဝယ်ယူသွားမယ်လို့ မက္ကဆီကိုသမ္မတက လွန်ခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုဟာ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၄၉၆၁၄ ဦးထိရှိလာနေပြီး အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ပြီးရင်…

Read More
VOM News

FREE
VIEW