ပခုက္ကူမှာ ဝါယာရှော့ခ်ဖြစ်ပြီး ဂိုဒေါင် ၃ လုံး မီးလောင်

ဇန်နဝါရီ ၂၅ -၂၀၂၁
နေလင်းဖြူ(VOM)

မကွေးတိုင်၊ ပခုက္ကူမြို့၊ စက်မှုဇုံ ၅လမ်းမှာ ဒီကနေ့နေ့လယ် ၁နာရီခွဲက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး ပဲဂိုဒေါင် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” မီးလောင်မှုက ဦးမျိုးဇော်ဦး နေအိမ်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကာ ၅၀ ပေ×၂၀ပေ သွပ်မိုးထရံကာမြေစိုက် မြေပဲခွဲရုံတစ်လုံး၊ ၅၀×၂၅ပေ သွပ်မိုးထရံကာတစ်လုံး ၊ ၂၀×၁၀ပေ ယာယီတဲတစ်လုံး မီးသတ်တွက်ချက်တန်ဖိုး သုံးဆယ့်ရှစ်သိန်းကျော်ပျက်ဆီး
ဆုံးရှုံးခဲ့တယ်”လို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ကပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့ လက်ရှိအချိန်ထိ စစ်ဆေးနေတယ်လို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ပဲဂိုဒေါင် #ဝါယာရှော့ခ်ဖြစ်မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW