ပြည်တွင်းရှိ လိုင်စင်မဲ့ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အားလုံး အခုလကုန်အပြီးပိတိသိမ်းဖို့ ညွန်ကြား

ဇန်နဝါရီ ၂၇ -၂၀၂၁
ကောင်းလက်ျာ(VOM)

ပြည်တွင်းမှာ ဖွင့်လှစ်နေကြတဲ့ စက်သုံးဆီဆိုင်တွေထဲက တရားမဝင် အရောင်းဆိုင်တွေကို အခုလကုန် အပြီးပိတ်သိမ်းဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မနေ့ ဇန်နဝါရီလ၂၆ ရက်‌နေ့မှာ အသိပေးကြေညာထားပါတယ်။

” လမ်းဘေးဆိုင်တွေနဲ့ ဘထ္ထရီပန့်ဆိုင်တွေ‌က တရားမဝင်ဆိုင်တွေပါ။ဒီဆိုင်တွေကိုလည်း နို့တစ်စာတွေ ပေးပို့ထားပြီးဖြစ်သလို သတိပေးမှုတွေလုပ်နေပြီ”လို့ စက်သုံးဆီ‌ရောင်းဝယ်‌ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

တရားမဝင် စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်နေသူတွေဟာ ‌ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ – ၃၀ နဲ့ သက်ဆိုင်နေတာကြောင့် အခုလ ၃၀ ရက်နေ့နောက်ဆုံထား ပိတ်သိမ်းထားဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

တရားမဝင် ပုဂ္ဂလိကစက်သုံးဆီဆိုင်စာရင်းတွေကို ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနရဲ့ကြီးကြပ်စစ်ဆေးမှုအရ စစ်ဆေးတွေ့‌ရှိခဲ့တာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် ‌၁၄ ခုနဲ့နေပြည်တော်ကောင်စီနယ်မြေတွေမှာလိုင်စင်မဲ့ရောင်းချ‌နေတဲ့ ဆီဆိုင်ပေါင်း ၅၀၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။

” ပဲခူးမှာ တရားမဝင်ဆီဆိုင်တွေကို ဖမ်းဆီးတရားစွဲဆိုထားတာ ၄ ဆိုင်ရှိပြီ၊ ရေနံဥပဒေအရ တရားမဝင်ဆိုင်ဆိုရင် ချက်ခြင်းတရားစွဲဆို ဆောင်ရွက်တာဖြစ်‌ပေမယ့် ခေတ်အနေအထားအရ ဌာနက နို့တစ်ပေးပို့ သတိပေးတာပဲလုပ်နေသေးတယ်။ နောက်ပိုင်းမှာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ”လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(ပဲခူး)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ ပုဂ္ဂလိကစက်သုံးဆ‌ီဆိုင်ဖွင့်နေသူတွေဟာ လုပ်ထုံးလုပ်နည်း ၊ စည်းကမ်းဥပ‌ဒေသတ်မှတ်ချက်တေနဲ့အညီ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကို လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပြီး လက်တလောကောက်ယူထားတဲ့ စာရင်းတွေအရ လိုင်စင်မဲ့ပုဂ္ဂလိကစက်သံုံးဆီဆိုင် ၄၂၀၀ ကျော်ခန့်ရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #လိုင်စင်မဲ့စက်သုံးဆီဆိုင်အားလုံး #အခုလကုန်ပိတ်ဖို့ #ညွန်ကြား

Related posts

Leave a Comment

VOM News

FREE
VIEW