ကရင်ရိုးရာဒုံးအကကို ယူနက်စကိုစာရင်းဝင်ဖို့ မျှော်လင့်ထား

ဇန်နဝါရီ ၂၈ -၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း(UNESCO)ဝင်ဖို့ အဆုံးထိမျှော်လင့်ထားတယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ UNESCOကို တင်သွင်းမယ့် ကရင်ရိုးရာဒုံးအက တင်ဆက်ကပြပွဲ အခမ်းအနားကနေ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “UNESCO ကိုရောက်ဖို့ အဆုံးထိအောင် မျှော်လင့်ထားတယ်။ ရမယ်လို့လည်း မျှော်လင့်တယ်။ ကျမတို့ တိုင်းရင်းသားထဲမှာ အရင်တုန်းက ဒါတွေကို ပြုစုပျိုးထောင်ပြီးတော့ မှတ်တမ်းမသိမ်းဆည်းခဲ့ရင် အခုချိန်မှာ ကျမတို့ ဘာမှမလုပ်နိုင်ဘူး”လို့ ပြောပါတယ်။ ကရင်ရိုးရာဒုံးအကကို UNESCO တင်သွင်းနိုင်ဖို့ တစ်နှစ်ကြာ အချိန်ယူဆောင်ရွက်ခဲ့ရတယ်လို့ ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်ကပြောပါတယ်။ “ကျနော်တို့စခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက စပြီးဆွေးနွေးခဲ့တယ်။ အဖက်ဖက်က ဘက်ဂျက်ရရှိမှုအခြေအနေတွေ၊ ကိုဗစ်အခြေအနေတွေနဲ့ တော်တော်ကို အချိန်ယူပြီး…

Read More

ရန်ကုန်မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်သူတွေက ရဲတပ်ဖွဲ့ကို ခဲတွေနဲ့ထုလို့ ဖမ်းဆီး

ဇန်နဝါရီ ၂၇ -၂၀၂၁ သတင်း၊ ဓာတ်ပုံ – အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမျိုးသားကဇာတ်ရုံအနီးမှာ ဒီကနေ့နေ့လယ်ပိုင်းကပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံမှုနဲ့UECကန့်ကွက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ခံပွဲဝန်းရံသူတွေက ခဲတွေနဲ့ပစ်ပေါက်ခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပွဲကို ခွင့်ပြုချက်နဲ့ပြုလုပ်ခဲ့ပေမယ့် ထောက်ခံပွဲအပြီးမှာ လာရောက်ဝန်းရံသူတွေက ထပ်မံဆန္ဒပြခဲ့လို့ ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ်မယ့်အခြေအနေအထိ တင်းမာခဲ့ပါတယ်။ ခွင်ပြုချက်မဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ဖမ်းဆီးထားတဲ့အရေအတွက်ကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ကလည်း ခွင့်ပြုချက်မရှိဘဲ တာမွေမြို့နယ်၊ ရွှထွဋ်တင်ကွင်းမှာ ဆန္ဒပြခဲ့သူ ၁၆ဦးကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်အရေးယူခဲ့တာလည်း ရှိပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #တပ်ထောက်ခံ #UECကန့်ကွက်ပွဲ #ရဲကိုခဲနဲ့ထု #လိုက်လံဖမ်းဆီး

Read More

ဧရာဝတီမြစ်ထဲကနေ ဗုံးအလုံး ၃၀ တွေ့

ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဧရာဝတီမြစ်ကူး အင်းဝတံတားအောက်ဘက်မှာ ငါးဖမ်းနေတဲ့ ရေလုပ်သားတစ်ယောက်ဟာ မနေ့ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ရေထဲကနေ ဗုံးအလုံး ၃၀ ကို ငါးဖမ်းပိုက်နဲ့ ငြိပြီးပါလာတဲ့အတွက် သက်ဆိုင်ရာကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ” ရေလုပ်သား ကိုကံဦး ဆိုသူက သူ့ရဲ့ ငါးဖမ်းပိုက် ရေအောက်မှာ ငြိနေတာကြောင့် ဆင်းပြီး ဖယ်ရှားတဲ့အခါ ဗုံးအလုံး ၃၀ တွေ့ရတာဖြစ်တယ်”လို့ စစ်ကိုင်းမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဲ့ဒီတွေ့ရှိရတဲ့ဗုံးတွေဟာ လုံးပတ် ၉ လက်မ အရှည် ၁၂ လက်မ အရွယ်အစား ဗုံးသီးတွေဖြစ်ပါတယ်။ ” ဗုံးသီးတွေက အသက်ရှိတယ် မရှိဘူးဆိုတာ သက်ဆိုင်ရာ စစ်လက်နက်တပ်ရင်းကပဲ အဖြေသိတယ် ၊ စစ်ကျန် ဗုံးသီးတွေဖြစ်မယ်”လို့ စစ်ကိုင်းမြို့နယ်…

Read More

မန္တလေးမှာ ကိုဗစ်ကာကွယ်ဆေးရတဲ့အပေါ်မူတည်ပြီး ဦးစားပေးစနစ်နဲ့ အကုန်လုံးကိုထိုးပေးနိုင်ဖို့ ရည်ရွယ်ထား

မန္တလေး၊ ဇန်နဝါရီ ၂၇- ၂၀၂၁ ညီသစ်(VOM) ကိုဗစ်ကာကွယ်ဆေးတွေကို တခြားနိုင်ငံကနေ စာချုပ်နဲ့ ဝယ်ယူရတာကြောင့် ဆေးရတဲ့ အရေအတွက်အပေါ်မူတည်ပြီး ဦးစားပေးစနစ်နဲ့ ပြည်သူအကုန်လုံး ကာကွယ်ဆေးထိုးနိုင်အောင် ရည်ရွယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မန္တလေးမြို့က ကူးစက်မှုနီးစပ်တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးကို ပြည်ထောင်စု အဆင့် က ၅ ရက်နေ့မှ ထိုးနှံမှာဖြစ်တဲ့အပြင် တိုင်းအစိုးရအဆင်ကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ မှာ တပြိုင်တည်း ထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဒီကနေ့မှာ ကိုဗစ်ကာကွယ်ဆေး ၁၇၄၁ ပုလင်း ရောက်ရှိပြီး တစ်ပုလင်းကို ဆယ်ဦးနှုန်းထိုးပေးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆင့်လိုက် ကျန်တဲ့သူတွေကို ထိုးပေးသွားမှာဖြစ်ပါတယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ #VOM #voiceofmyanmar #COVID-19 #ကိုဗစ်ကာကွယ်ဆေး #မန္တလေး

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၇ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၇- ၁- ၂၀၂၁ (VOM) – အိန္ဒိယက မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံအတွင်းက ကျန်းမာရေး ဝန်ထမ်းတွေကို ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ထိုးပေးနေပြီ – မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက အမှုထမ်းနဲ့အရာထမ်း ၃ ဦး Covid-19 ပိုးတွေ့ – အင်းတော်ရဲစခန်းက အချုပ်တရားခံတစ်ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရ – YDP ပါတီ အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့် ဖမ်းခံရပြီ – နေပြည်တော်ကာကွယ်ရေးဦးစီးချုပ် ရုံးရှေ့မှာစိုက်ထူမယ်ဆိုတဲ့ ကျောက်တိုင်ကို ရန်ကုန် တိုင်းရဲတပ်ဖွဲ့သိမ်းလိုက်ပြီ – မောင်တောမှာ တစ်ဖက်နိုင်ငံက ဒုက္ခသည်တွေ ခိုးဝင်မှုရှိနေဆဲ – ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သား ၄၀၀ ကျော် ပြန်လွတ်တော့မယ် – ပုသိမ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးဖမ်းမိ – လိုင်စင်မဲ့ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်အားလုံး…

Read More

မုံရွာမှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးတာကို မီဒီယာတွေ သတင်းရယူခွင့်မရ

ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုတိုးကြီး(VOM) မုံရွာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ကာကွယ်ဆေးစတင်ထိုးပေးတဲ့နေရာကို သတင်းထောက်တွေ သတင်းရယူခွင့်မရဘူးလို့ ဒေသခံသတင်းထောက်တွေကနေ သိရပါတယ်။ သတင်းထောက်တွေဟာ တိုင်းကျန်းမာရေးဌာနမှာ ကိုဗစ်ကာကွယ်ဆေးထိုးနေတာနဲ့ ပတ်သက်လို့ သတင်းသွားယူတာကို စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က “မီဒီယာသမားတွေ ဖိတ်ကြားမထားဘူး၊ သတင်းဖော်ပြရင်လည်း ကန့်ကွက်သွားမယ်”လို့ အဲ့ဒီနေရာကို သတင်းသွားရောက်ယူတဲ့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်း မုံရွာ ပြည်သူ့ဆေးရုံကြီးနဲ့ တိုင်းကျန်းမာရေးဌာန နေရာ ၂ ခုမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာဖြစ်ပြီး အဲ့ဒီနေရာ ၂ ခုစလုံးမှာ သတင်းရယူခွင့် တားမြစ်ခံရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကတော့ ” သတင်းယူခွင့်နဲ့ပတ်သက်လို့ သီးခြား ညွှန်ကြားထားတာတော့ မရှိဘူး”လို့ ပြောပါတယ်။ မုံရွာအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ မုံရွာဂေဇက် ၊ မျက်မှောက်ခေတ် စတဲ့…

Read More

ပြည်တွင်းရှိ လိုင်စင်မဲ့ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အားလုံး အခုလကုန်အပြီးပိတိသိမ်းဖို့ ညွန်ကြား

ဇန်နဝါရီ ၂၇ -၂၀၂၁ ကောင်းလက်ျာ(VOM) ပြည်တွင်းမှာ ဖွင့်လှစ်နေကြတဲ့ စက်သုံးဆီဆိုင်တွေထဲက တရားမဝင် အရောင်းဆိုင်တွေကို အခုလကုန် အပြီးပိတ်သိမ်းဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မနေ့ ဇန်နဝါရီလ၂၆ ရက်‌နေ့မှာ အသိပေးကြေညာထားပါတယ်။ ” လမ်းဘေးဆိုင်တွေနဲ့ ဘထ္ထရီပန့်ဆိုင်တွေ‌က တရားမဝင်ဆိုင်တွေပါ။ဒီဆိုင်တွေကိုလည်း နို့တစ်စာတွေ ပေးပို့ထားပြီးဖြစ်သလို သတိပေးမှုတွေလုပ်နေပြီ”လို့ စက်သုံးဆီ‌ရောင်းဝယ်‌ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ တရားမဝင် စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်နေသူတွေဟာ ‌ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ – ၃၀ နဲ့ သက်ဆိုင်နေတာကြောင့် အခုလ ၃၀ ရက်နေ့နောက်ဆုံထား ပိတ်သိမ်းထားဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ တရားမဝင် ပုဂ္ဂလိကစက်သုံးဆီဆိုင်စာရင်းတွေကို ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနရဲ့ကြီးကြပ်စစ်ဆေးမှုအရ စစ်ဆေးတွေ့‌ရှိခဲ့တာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် ‌၁၄ ခုနဲ့နေပြည်တော်ကောင်စီနယ်မြေတွေမှာလိုင်စင်မဲ့ရောင်းချ‌နေတဲ့ ဆီဆိုင်ပေါင်း ၅၀၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။ ” ပဲခူးမှာ တရားမဝင်ဆီဆိုင်တွေကို ဖမ်းဆီးတရားစွဲဆိုထားတာ ၄ ဆိုင်ရှိပြီ၊ ရေနံဥပဒေအရ တရားမဝင်ဆိုင်ဆိုရင် ချက်ခြင်းတရားစွဲဆို…

Read More

ပုသိမ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးဖမ်းမိ

ဇန်နဝါရီ ၂၇ -၂၀၂၁ ကိုအောင်(VOM) ပုသိမ်မြို့၊ ဒိုက်ထူစစ်ဆေးရေးဂိတ်မှာ ဒီကနေ မနက် အစောပိုင်းက နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ဦးနဲ့ လိုက်ပါပို့ဆောင်သူ ၂ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ပုသိမ်ကြိုးတံတားဂိတ်မှာ စစ်ဆေးကတည်းက မသင်္ကာလို့ ရဲတပ်ဖွဲ့ကနောက်ကလိုက်ခဲ့တာ၊ ပုသိမ်မြို့အထွက် ဒိုက်ထူစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်၊ အသေးစိတ်တော့ စစ်ဆေးနေတုန်းပါ”လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်ကပြောပါတယ်။ အမျိုးသမီး ၁၂ဦး နဲ့ ကလေးငယ်တစ်ဦးပါဝင်ပြီး သာပေါင်းမြို့နယ်တောတွင်းကနေ သယ်ဆောင်လာကာ ပုသိမ်မြို့အရောက်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ လက်ရှိမှာ အထောက်အထားမဲ့သူတွေကို ပုသိမ်တက္ကသိုလ်၊ တေဇဆောင်ကွာရန်တင်းစင်တာမှာ စစ်ဆေးနေပြီး ကားသမား၂ဦးကိုတော့ ပုသိမ်မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၂၀ခုနှစ်အတွင်း နိုင်ငံသားအထောက်အထားမဲ့သူတွေဝင်ရောက်မှု ၃ကြိမ်သာရှိခဲ့ပေမယ့် ၂၀၂၁ ဇန်နဝါရီလ တစ်လထဲမှာတော့ ဖမ်းဆီးရမိတာ ၄ကြိမ်ထိရှိနေပြီဖြစ်ပါတယ်။ ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကုန်းလမ်း ၊…

Read More

ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သား ၄၀၀ ကျော် ပြန်လွတ်တော့မယ်

ရနောင်း၊ ဇန်နဝါရီ ၂၇-၂၀၂၁ မျိုးဆက် (VOM) ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၂ ဦးထဲက ၁၆၆ ဦးကို ပထမအသုတ်အဖြစ် ဇန်နဝါရီ ၂၈ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒီလို ဖမ်းဆီးထိန်းသိမ်းမှုတွေအပြီးမှာ သူ့တို့တွေကို မြန်မာနိုင်ငံကို ပြန်မပို့ပေးသေးတဲ့အတွက် ဇန်နဝါရီ ၂၅ ရက်မှာတော့ ထိန်းသိမ်းခံမြန်မာလုပ်သားတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုပြန်မလွှတ်ရတဲ့အကြောင်းကတော့ ကိုဗစ်-၁၉ အခြေအနေဆိုးရွားနေတာကြောင့် မြန်မာအစိုးရက ပြန်လက်ခံဖို့အသင့်မဖြစ်သေးတာကြောင့်လို့ ပြည်နယ်တာဝန်ရှိသူတွေက အကြောင်းပြချက်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက်…

Read More

တောင်ကြီးမြို့ကို ကိုဗစ်ကာကွယ်ဆေး အလုံး ၅၆၀ကျော် ရောက်ရှိ

ဇန်နဝါရီ ၂၇ -၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟဲဟိုးလေဆိပ်ကို ဒီကနေ့မနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေး အလုံး ၅၆၄ လုံး ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ “မနက်ဖြန်မှာ စထိုးပေးသွားမှာဖြစ်ပါတယ်၊ တောင်ကြီးမှာ စဝ်စံထွန်း ဆေးရုံနဲ့ အမျိုးသမီးနဲ့ကလေးဆေးရုံတို့မှာ ဆေးထိုးပေးသွားမှာပါ။ကျန်တဲ့မြို့နယ်တွေက သူတို့မြို့နယ်အလိုက်ထိုးပေးမှာဖြစ်ပါတယ်”လို့ တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမိုးထွန်းကပြောပါတယ်။ ဆေး တစ်လုံးအတွက် လူ ၁၀ ယောက် ထိုးနိုင်မှာဖြစ်ပြီး လူဦးရေ (၅၆၄၀)ဦးကို ထိုးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မနက်ဖြန်ဇန်နဝါရီ ၂၈ရက်နေ့က စပြီး တောင်ကြီးမြို့နယ်အတွင်းရှိကျန်းမာရေးဝန်ထမ်း‌တွေကို ကာကွယ်ဆေး စတင်ထိုးပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး ၁ ဒသမ ၅ သန်း လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးဖို့ ပေးအပ်တဲ့ဆေးတွေဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးနှံရာမှာ အသက် ၁၈ နှစ်အထက် ရှိသူတွေသာ…

Read More
VOM News

FREE
VIEW