ရန်ကုန်မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်သူတွေက ရဲတပ်ဖွဲ့ကို ခဲတွေနဲ့ထုလို့ ဖမ်းဆီး

ဇန်နဝါရီ ၂၇ -၂၀၂၁
သတင်း၊ ဓာတ်ပုံ – အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမျိုးသားကဇာတ်ရုံအနီးမှာ ဒီကနေ့နေ့လယ်ပိုင်းကပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံမှုနဲ့UECကန့်ကွက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ခံပွဲဝန်းရံသူတွေက ခဲတွေနဲ့ပစ်ပေါက်ခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီပွဲကို ခွင့်ပြုချက်နဲ့ပြုလုပ်ခဲ့ပေမယ့် ထောက်ခံပွဲအပြီးမှာ လာရောက်ဝန်းရံသူတွေက ထပ်မံဆန္ဒပြခဲ့လို့ ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ်မယ့်အခြေအနေအထိ တင်းမာခဲ့ပါတယ်။

ခွင်ပြုချက်မဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ဖမ်းဆီးထားတဲ့အရေအတွက်ကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ကလည်း ခွင့်ပြုချက်မရှိဘဲ တာမွေမြို့နယ်၊ ရွှထွဋ်တင်ကွင်းမှာ ဆန္ဒပြခဲ့သူ ၁၆ဦးကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်အရေးယူခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တပ်ထောက်ခံ #UECကန့်ကွက်ပွဲ #ရဲကိုခဲနဲ့ထု #လိုက်လံဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW