တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲမှာ ဆန္ဒပြသူတွေက ရိုက်နှက်တာတွေရှိခဲ့

ဇန်နဝါရီ ၃၀ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက တပ်မတော်ထောက်ခံပွဲ၊ UECကန့်ကွက်ပွဲနဲ့ ပြည်ပကနေဝင်ရောက်စွက်ဖက်မှုတွေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲမှာ ဆန္ဒပြသူတွေဟာ ရိုက်နှက်တာတွေရှိခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ မပါဝင်တဲ့ NLDအကျီဝတ်ဆင်ထားသူ ဆိုက်ကားသမားတစ်ဦးနဲ့ အခြားသူတစ်ဦးတို့ကို ဆန္ဒပြသူ ၁၀ဦးခန့်က ဝိုင်းဝန်းထိုးကြိတ်ခဲ့တာကြောင့် ဒဏ်ရာတွေရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲကို အမျိုးသားရေးဆရာတော်ဦးတေဇဝန္တ ၊ အမျိုးသားရေးလှုပ်ရှားသူတို့က ဦးဆောင်ကာ ကြေးသွန်းဘုရားအရှေ့ကို ချီတက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အလားတူ ဒီကနေ့ နေ့လယ်ပိုင်းကလည်း ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ တပ်မတော်ထောက်ခံပြီး UECကန့်ကွက်ကြောင်း လူ ၁၁ဦးတို့က ဆန္ဒဖော်ထုတ်ခဲ့တာလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #UECကန့်ကွက်ပွဲ #ဆန္ဒပြသူတွေ #ရိုက်နှက်တာတွေရှိခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW