ရပ်မိ/ရပ်ဖ ရွေးချယ်ပွဲမှာ ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ထွေ/အုပ်ရပ်ကျေးစာရေးမတစ်ဦး ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၃၀ -၂၀၂၁
နေလင်းဖြူ(VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်မှာ မနေ့ ဇန်နဝါရီလ၂၉ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ရပ်မိ/ရပ်ဖကြီးကြပ်ရေးမှူး ၅ဦး ရွေးချယ်ပွဲကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ထွေ/အုပ် ရပ်ကျေးစာရေးမတစ်ဦး အနံပျောက်လို့ စစ်ဆေးရာကနေ ကိုဗစ်ပိုးတွေ့ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ပခုက္ကူပြည်သူ့ကျန်းမားရေးဦးစီးဌာန ဒုတိယပြည်သူကျန်မားရေဌာနမှူး ဒေါက်တာအောင်ခင်ဆင့်ကလည်း ” ပိုးတွေ့မိသားစုဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်အာလုံးကိုကျန်းမာရေးဌာနရဲ့ လမ်းညွှန်မူအတိုင်း လိုက်နာဆောင်ရွက်သွားဖို့နဲ့ ထိစပ်မူရှိခဲ့သူတွေအနေနဲ့ လက်တလော အိမ်မှာ(HQ)နေပြီး အသွားအလာကန့်သတ်နေထိုင်ပေးဖို့ မေတ္တာရပ်ခံထားတယ်”လို့ ပြောပါတယ်။

” မနက်ပိုင်းက အ.ထ.က-၂ကျောင်းဝန်းအတွင်းမှာ ရပ်မိရပ်ဖ ကြီးကြပ်ရေးမှူး ၅ဦး ရွေးချယ်ပွဲမှာ ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ညနေပိုင်းမှာ စာရေးမက ဖျားနာပြီး အနံပျောက်လို့ ပခုက္ကူခရိုင်ပြည်သူဆေးရုံကြီးမှာ RDTနဲ့စစ်ဆေးတာ Positiveတွေ့ရှိတာဖြစ်တယ်”လို့
အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်ကပြောပါတယ်။

အမှတ်(၁၁) ရပ်ကွက်ရပ်မိရပ်ဖကြီးကြပ်ရေးမှူးရွေးချယ်ပွဲကို တက်ရောက်သူ ၃၀၀ ကျော်ရှိပြီး တက်ရောက်လာသူအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်ကမ်းချက်နဲ့အညီ စီမံဆောင်ရွက်ထားခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ထွေအုပ်စာရေးမ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW