စာအုပ်ငှားတဲ့သူ မရှိသလောက်နည်းပေမယ့် ငှားသူတစ်ယောက်ပဲရှိလည်း ဆက်ဖွင့်နေမယ်

မန္တလေး၊ ဇန်နဝါရီ – ၃၁- ၂၀၂၁

ညီသစ်(VOM)

 

စာပေတခေတ်ဆန်းသစ်ခဲ့တုန်းက လက်မလည်အောင် ငှားရမ်းခဲ့ရတဲ့ စာအုပ်အငှားဆိုင်တွေဟာ ခုအင်တာနက်ခေတ်မှာ စာအုပ်အငှားဆိုင်တွေကို ခြေဦးလှည့်သူမရှိသလောက် ရှားပါးလာတာနဲ့အမျှ စာအုပ်အငှားဆိုင်တွေလည်း ကြံ့ကြံ့မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားရပါတယ်။

ဒီထဲကမှ ၁၉၉၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ အမရပူရက အောင်ဆုမွန် စာပေကတော့ စာဖတ်သူ တစ်စုံတစ်ယောက်ရှိနေလည်း အကျိုးရှိမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်ဖွင့်ထားဆဲပါ။

အမရပူရမြို့ အထက(၁) ရဲ့မြောက်ဖက်မှာ ဆက်လက်ဖွင့်လှစ်ထားတဲ့ အောင်ဆုမွန်စာပေ(စာအုပ်အငှားဆိုင်) ရဲ့ အကြောင်းနဲ့ တချိန်က စာအုပ်အသစ်ထွက်ရင် တိုးဝှေ့ငှား ဖတ်ခဲ့ရတဲ့ ငယ်ဘဝကို ပြန်ပြောင်းသတိရမိစေဖို့ VOM ဝိုင်းတော်သား ကိုညီသစ်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

#VOM #voiceofmyanmar #စာအုပ်စာပေ #စာအုပ်အငှားဆိုင် #အောင်ဆုမွန် #အမရပူရ

Related posts

Leave a Comment

VOM News

FREE
VIEW