ကချင်အစိုးရအဖွဲ့ဝန်ကြီးတွေထဲက ၃ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး အများစုကိုပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂ -၂၀၂၁
ရန်အောင်ထွန်း(VOM)

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခ ဧည့်ရိပ်သာမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေကို ထိန်းသိမ်းထားရာကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းမှာ အစိုးရအဖွဲ့အိမ်ရာဆီကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ ဝန်ကြီးတွေအနေနဲ့ အစိုးရအိမ်ရာကနေ မိမိနေရပ်ကို ၃ ရက်အတွင်း အပြီးပြန်ရမှာဖြစ်ပြီး အကျယ်ချုပ်ပုံစံ ထိန်းသိမ်းတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို သူ့ရဲ့နေအိမ်မှာထိန်းသိမ်းထားမယ်လို့ ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်ဝန်ကြီး ဦးနော်လီ ၊ ပြည်နယ် လ.ဝ.က ဝန်ကြီး ဦးဇော်ဝင်းနဲ့ ကချင်ပြည်နယ် NLDပါတီဥက္ကဋ္ဌ ဦးမြသိန်းတို့ကိုတော့ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကချင် #ဝန်ကြီးလေးဦး #ဆက်လက်ထိန်းသိမ်းထား

Related posts

Leave a Comment

VOM News

FREE
VIEW