ကချင်အစိုးရအဖွဲ့ဝန်ကြီးတွေထဲက ၃ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး အများစုကိုပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂ -၂၀၂၁ ရန်အောင်ထွန်း(VOM) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခ ဧည့်ရိပ်သာမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေကို ထိန်းသိမ်းထားရာကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းမှာ အစိုးရအဖွဲ့အိမ်ရာဆီကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ ဝန်ကြီးတွေအနေနဲ့ အစိုးရအိမ်ရာကနေ မိမိနေရပ်ကို ၃ ရက်အတွင်း အပြီးပြန်ရမှာဖြစ်ပြီး အကျယ်ချုပ်ပုံစံ ထိန်းသိမ်းတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို သူ့ရဲ့နေအိမ်မှာထိန်းသိမ်းထားမယ်လို့ ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်ဝန်ကြီး ဦးနော်လီ ၊ ပြည်နယ် လ.ဝ.က ဝန်ကြီး ဦးဇော်ဝင်းနဲ့ ကချင်ပြည်နယ် NLDပါတီဥက္ကဋ္ဌ ဦးမြသိန်းတို့ကိုတော့ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။ #voiceofmyanmar #VOM #ကချင် #ဝန်ကြီးလေးဦး #ဆက်လက်ထိန်းသိမ်းထား

Read More

ကရင်ဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ထားရှိ

ဖေဖော်၀ါရီ ၂ -၂၀၂၁ ခွန်ခမ့်သူ(VOM) တပ်မ ၂၂ လက်အောက်ခံ၊ အမှတ်(၂၀၂) တပ်ရင်းဧည့်ရိပ်သာမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့မနက်ပိုင်းက တပ်မတော်ကနေ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ဇန်နဝါရီဝါရီ ၁ ရက်နေ့ မနက် ၄ နာရီခန့်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အစိုးရအဖွဲ့ဝန်ကြီးတွေနေထိုင်တဲ့ အိမ်ရာဝန်းအတွင်းမှာ တပ်မတော်က အင်အားသုံး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟာ လက်ရှိမှာတော့ အကျယ်ချုပ်ပုံစံနဲ့နေထိုင်ရပြီး လုံခြုံရေးတွေနဲ့ စောင့်ကြည့်ခံထားရ​တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့ “ပြည်သူတွေ စိုးရိမ်နေသလိုပဲ ကျွန်မတို့က စိုးရိမ်တယ်။ ကျွန်မတို့က ပြည်သူတွေကိုလည်း စိုးရိမ်တယ်။ ကျွန်မတို့ခေါင်းဆောင်ကိုလည် စိုးရိမ်တာပေါ့။ ပြည်သူတွေက ယုံကြည်လို့ ပေးထားတဲ့ဟာကို ကျွန်မတို့ကလည်း အစွမ်းကုန် ပြန်ပြီးကြိုးစားမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ ပြည်သူတွေကကျွန်မတို့နဲ့အတူ အေးအေးချမ်းချမ်းလေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးပါလို့…

Read More

ရန်ကုန်မြို့မှာ တပ်မတော်ထိန်းသိမ်းပြီးနောက်ပိုင်း လူအများအပြားနဲ့လုပ်တဲ့ တပ်မတော်ထောက်ခံပွဲ

ဖေဖော်ဝါရီ ၂ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ တပ်မတော်ကနေ နိုင်ငံတော်ကိုထိန်းသိမ်းပြီးနောက်ပိုင်း တပ်မတော်ချစ်မြတ်နိုးသူတွေ ၊ ရဟန်းသံဃာတွေနဲ့ အမျိုးသားရေးလှုပ်ရှားသူ အများအပြားဟာ ဒီကနေ့နေ့လယ်ပိုင်းက တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။ လူအင်အားအများအပြား ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲမှာ ပွင့်လင်းဆရာတော်၊ ဆရာတော် ဦးအဂ္ဂဓဇ၊ အမျိုးသားရေးလှုပ်ရှားသူဒေါ်ရွှေဇင်ဦး၊ အမျိုးသားရေးတရားလွှတ်တော်ရှေ့နေဦးအေးပိုင်တို့မှ ဟောပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီထောက်ခံပွဲမှာ ဦးဆောင်ဟောပြောခဲ့တဲ့ ပွင့်လင်းဆရာတော်ဟာ ” တပ်မတော်က အာဏာသိမ်းတာမဟုတ်ဘူး၊ အာဏာထိန်းပေးတာ၊ ပါတီအရေးနဲ့ တိုင်းပြည်အရေး ယှဉ်လာရင် တိုင်းပြည်အရေးကို ဦးစားပေးရပါတယ်၊ တပ်မတော်က လုပ်သင့်လုပ်တာကို လုပ်သွားတာပါ”လို့ မိန့်ကြားပါတယ်။ ဆရာတော်ဦးအဂ္ဂဓဇကလည်း “အစိုးရက သာမည၊ တပ်မတော်က အဓိက၊ တိုင်းပြည်မှာ အစိုးရမရှိလို့ရတယ်၊ တပ်မတော်မရှိလို့ မရဘူး၊ ပါတီဆိုတာ ယာယီပါ၊ တပ်မတော်ကသာ ထာဝရ၊ တပ်မတော်ကို ထောက်ခံရတာကလည်း မြန်မာနိူင်ငံက တိုင်းသူပြည်သားတွေကို အုပ်ချုပ်မင်းလုပ်ရာမှာ…

Read More

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့အဖွဲ့ကို အစိုးရအိမ်ယာကနေ အပြီးဖယ်ရှားပေးဖို့ပြောထား

ဖေဖော်ဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး (VOM) မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တပ်မတော်ကနေ ထိန်းသိမ်းလိုက်တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ ဒီကနေ့မနက် ၁၀ နာရီက ပြန်လည်လွတ်မြောက်လာခဲ့ပြီး အစိုးရနေအိမ်ကနေ ဖယ်ရှားပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ” ဘယ်မှမသွားရဘူးတဲ့ ၊ ဒီမနက်မှာ လွှတ်တော် ဥက္ကဌနဲ့အတူ ပြန်လာခဲ့တယ်၊ ၃ ရက်အတွင်း အပြီးပြောင်းရွေ့ရမယ်ဆိုလို့ ပစ္စည်းတွေ သိမ်းနေတယ်”လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။ မနေ့ညနေပိုင်းက ဝန်ကြီးများအိမ်ရာကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းတို့ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အစိုးရရုံးနဲ့ လွှတ်တော်ရုံးလမ်းတွေကို လုံခြုံရေး တင်းကြပ်စွာချထားပြီး အများပြည်သူ အသွားအလာ ကန့်သတ်ထားတဲ့အတွက် ကျန်ဝန်ကြီးတွေ အိမ်ရာကို ပြန်ရောက်၊မရောက်ကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် မနေ့က…

Read More

ဟားခါးမီးလောင်မှု လူ ၆ ဦးသေဆုံး

ဖေဖော်ဝါရီ ၂ -၂၀၂၁ ကောင်းလက်ျာ(VOM) ချင်းပြည်နယ်ရဲ့မြို့‌တော် ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး‌ ကလးငယ်တွေ အပါအဝင် လူ ၆ဦး မီးလောင်သေဆုံးခဲ့ရတယ်လို့ ဟားခါးမီးသတ်စခန်းကနေ သိရပါတယ်။ ” ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ နေအိမ်ပိုင်ရှင်ကို မီးပေါ့ဆမှု လူသေဆုံးမှုနဲ့ အမှုဖွင့်ထားတယ်”လို့ ဟားခါးမီးသတ်စခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဟားခါးမြို့နယ်၊ ‌ဈေးသစ်ရပ်ကွက်မှာနေတဲ့ အသက်(၄၈ နှစ်)အရွယ် အမျိုးသားတစ်ဦးရဲ့နေအိမ်အတွင်း ထမင်းပေါင်းအိုးအပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိနေအိမ်တစ်လုံးကို ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အသက် ၁၉ နှစ်၊ အသက် ၁၁ နှစ်အရွယ်အမျိုးသား ၂ဦး ၊အသက် ၁၇ နှစ်၊ အသက် ၁၄ နှစ်၊ အသက် ၇ နှစ်နဲ့ အသက် ၂ နှစ်အရွယ်အမျိုးသမီး ၄ဦးတို့ မီးလောင်သေဆုံးခဲ့တာဖြစ်တယ်လို့ ဟားခါးမီးသတ်စခန်းကနေ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့…

Read More

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီ ၂ -၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်မှာ တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ ဒီကနေ့မနက် ၁၁ နာရီခန့်က‌ နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့ဖေဖာ်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနဲ့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိ တောင်ကြီးမြို့ပေါ်မှာတော့ အခြေအနေတည်ငြိမ်နေပြီး ပုံမှန်လည်ပတ်နေတာကိုလည်း တွေ့ရပါတယ်။ တပ်မတော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်ပိုင်းက အရေးပေါ်အခြေ‌အနေကြေညာပြီး နိုင်ငံတော်အာဏာလွှဲပြောင်းယူကာ တစ်နှစ်ယာယီအာဏာသိမ်းကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရှမ်းပြည်နယ် #ဝန်ကြီးချုပ် #ဒေါက်တာလင်းထွဋ်

Read More

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ အခြားဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတွေ ဆက်လက်ထိန်းသိမ်းခံထားရ

ဖေဖော်ဝါရီ ၂ -၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ပြည်နယ်ဝန်ကြီးတွေနဲ့ လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတို့ကို ဒီကနေ့မနက်ပိုင်းအချိန်ထိ တပ်မတော်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဂွမြို့က တပ်မတော် (၅၆၂)တပ်ရင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်တို့ကို ထိန်းသိမ်းထားတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။ “ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အခုထိ ဆက်သွယ်လို့မရသေးဘူး။ မိသားစုတွေကလည်း အိမ်ကိုမရောက်သေးဘူးလို့ ပြောတယ်။ ဝန်ကြီးချုပ်နဲ့အတူတူ စစ်တပ်ထဲမှာ ခေါ်ထားခံရတဲ့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်ထဲက အပြင်ကို ပြန်လွှတ်လိုက်ပြီကြားတယ်။ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ရုံးထဲက အပြင်မထွက်ရဘူး။ ထိန်းသိမ်းထားတာ” လို့ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ကပြောပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကိုတော့ စစ်တွေတပ်နယ်အတွင်း ထိမ်းသိမ်းထားကြောင်း မနေ့က…

Read More

ဖွဲ့စည်းပုံအရ အာဏာသိမ်းတယ်ဆိုတာ ဥပဒေနဲ့ ညီသလား

မန္တလေး-ဖေဖေါ်ဝါရီ ၂-၂၀၂၁ ဆွေလင်းထွန်း +နေလင်း(VOM)     မဲစာရင်းပြဿနာတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ငြင်းပယ်တာ၊ အရေးယူဆောင်ရွက်မှုမရှိတာ၊ လွှတ်တော်အစည်းအဝေးတွေကို ရွှေ့ဆိုင်းမပေးတာတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ယူရာရောက်တဲ့အတွက်ဖေဖော်ဝါရီ ၁ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေအမိန့်နဲ့ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ တနှစ်ကြေညာခဲ့ပါတယ်။   အရေးပေါ်အခြေအနေကြေညာပြီးနောက် အခြေခံဥပဒေပုဒ်မ ၄၁၈အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတက လွှဲအပ်ခဲ့ပါတယ်။   အဲ့ဒီနောက် ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ပေမယ့်ဘယ်အချိန်မှာ ကျင်းပမယ်လို့တော့ ပြောထားတာ မတွေ့ရပါဘူး။   အခုလိုမျိုး တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာ ၃ ရပ်ကို ရယူတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့…

Read More

တမူးး – ကလေးလမ်း ခရီးသည်တင်ကားတိမ်းမှောက်လို့ လူ ၅ ဦးသေ ၊ ၆ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံအောင်ကျေးရွာအနီး ဆားတောချောင်းကွေ့ အဆင်းမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” တိမ်းမှောက်တဲ့ကားက Toyota Dyna နံပါတ်အနီရောင်ကားဖြစ်တယ် ၊ အဲ့ဒီကားပေါ်မှာ ခရီးသည် ၁၁ ယောက်လိုက်ပါလာတယ် ၊ ဆားတောချောင်းအဆင်း အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်၊ လူ ၅ ဦးက အခင်းဖြစ်နေရာမှာတင် သေဆုံးသွားပြီး ကျန် ၆ ယောက်က ပြင်းထန်ဒဏ်ရာတွေရကြတယ်” လို့ ကလေးမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ယာဥ်တိမ်းမှောက်ရာမှာ သေဆုံးသူ လူ ၅ ဦးဟာ အမျိုးသား ၄…

Read More
VOM News

FREE
VIEW