စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့အဖွဲ့ကို အစိုးရအိမ်ယာကနေ အပြီးဖယ်ရှားပေးဖို့ပြောထား

ဖေဖော်ဝါရီ ၂ -၂၀၂၁
ကိုတိုးကြီး (VOM)

မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တပ်မတော်ကနေ ထိန်းသိမ်းလိုက်တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ ဒီကနေ့မနက် ၁၀ နာရီက ပြန်လည်လွတ်မြောက်လာခဲ့ပြီး အစိုးရနေအိမ်ကနေ ဖယ်ရှားပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

” ဘယ်မှမသွားရဘူးတဲ့ ၊ ဒီမနက်မှာ လွှတ်တော် ဥက္ကဌနဲ့အတူ ပြန်လာခဲ့တယ်၊ ၃ ရက်အတွင်း အပြီးပြောင်းရွေ့ရမယ်ဆိုလို့ ပစ္စည်းတွေ သိမ်းနေတယ်”လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

မနေ့ညနေပိုင်းက ဝန်ကြီးများအိမ်ရာကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းတို့ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

အစိုးရရုံးနဲ့ လွှတ်တော်ရုံးလမ်းတွေကို လုံခြုံရေး တင်းကြပ်စွာချထားပြီး အများပြည်သူ အသွားအလာ ကန့်သတ်ထားတဲ့အတွက်
ကျန်ဝန်ကြီးတွေ အိမ်ရာကို ပြန်ရောက်၊မရောက်ကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် မနေ့က တိုင်းအစိုးရဝန်ထမ်းတွေ ရုံးတက်ခွင့် မရပေမယ့် ဒီကနေ့မှာတော့ ပုံမှန်အတိုင်း ရုံးပြန်တက်ခွင့်ရပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် #အစိုးရအိမ်ကနေ #အပြီးဖယ်ရှားဖို့ပြောထား

Related posts

Leave a Comment

VOM News

FREE
VIEW