ရန်ကုန်မြို့မှာ တပ်မတော်ထိန်းသိမ်းပြီးနောက်ပိုင်း လူအများအပြားနဲ့လုပ်တဲ့ တပ်မတော်ထောက်ခံပွဲ

ဖေဖော်ဝါရီ ၂ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ တပ်မတော်ကနေ နိုင်ငံတော်ကိုထိန်းသိမ်းပြီးနောက်ပိုင်း တပ်မတော်ချစ်မြတ်နိုးသူတွေ ၊ ရဟန်းသံဃာတွေနဲ့ အမျိုးသားရေးလှုပ်ရှားသူ အများအပြားဟာ ဒီကနေ့နေ့လယ်ပိုင်းက တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။

လူအင်အားအများအပြား ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲမှာ ပွင့်လင်းဆရာတော်၊ ဆရာတော် ဦးအဂ္ဂဓဇ၊ အမျိုးသားရေးလှုပ်ရှားသူဒေါ်ရွှေဇင်ဦး၊ အမျိုးသားရေးတရားလွှတ်တော်ရှေ့နေဦးအေးပိုင်တို့မှ ဟောပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီထောက်ခံပွဲမှာ ဦးဆောင်ဟောပြောခဲ့တဲ့ ပွင့်လင်းဆရာတော်ဟာ ” တပ်မတော်က အာဏာသိမ်းတာမဟုတ်ဘူး၊ အာဏာထိန်းပေးတာ၊ ပါတီအရေးနဲ့ တိုင်းပြည်အရေး ယှဉ်လာရင် တိုင်းပြည်အရေးကို ဦးစားပေးရပါတယ်၊ တပ်မတော်က လုပ်သင့်လုပ်တာကို လုပ်သွားတာပါ”လို့ မိန့်ကြားပါတယ်။

ဆရာတော်ဦးအဂ္ဂဓဇကလည်း “အစိုးရက သာမည၊ တပ်မတော်က အဓိက၊ တိုင်းပြည်မှာ အစိုးရမရှိလို့ရတယ်၊ တပ်မတော်မရှိလို့ မရဘူး၊ ပါတီဆိုတာ ယာယီပါ၊ တပ်မတော်ကသာ ထာဝရ၊ တပ်မတော်ကို ထောက်ခံရတာကလည်း မြန်မာနိူင်ငံက တိုင်းသူပြည်သားတွေကို အုပ်ချုပ်မင်းလုပ်ရာမှာ အခက်အခဲနဲ့ ပြည်ပရန်စွယ်ကို တွန်းလှန်နိုင်ခြင်းကြောင့်ဖြစ်တယ်”လို့ မိန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ ပြည်သူရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲကို ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားရေးဆရာ
တော်များ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ အများအပြား လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တပ်မတော်ထောက်ခံပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW