ဟားခါးမီးလောင်မှု လူ ၆ ဦးသေဆုံး

ဖေဖော်ဝါရီ ၂ -၂၀၂၁
ကောင်းလက်ျာ(VOM)

ချင်းပြည်နယ်ရဲ့မြို့‌တော် ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး‌ ကလးငယ်တွေ အပါအဝင် လူ ၆ဦး မီးလောင်သေဆုံးခဲ့ရတယ်လို့ ဟားခါးမီးသတ်စခန်းကနေ သိရပါတယ်။

” ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ နေအိမ်ပိုင်ရှင်ကို မီးပေါ့ဆမှု လူသေဆုံးမှုနဲ့ အမှုဖွင့်ထားတယ်”လို့ ဟားခါးမီးသတ်စခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဟားခါးမြို့နယ်၊ ‌ဈေးသစ်ရပ်ကွက်မှာနေတဲ့ အသက်(၄၈ နှစ်)အရွယ် အမျိုးသားတစ်ဦးရဲ့နေအိမ်အတွင်း ထမင်းပေါင်းအိုးအပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိနေအိမ်တစ်လုံးကို ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် အသက် ၁၉ နှစ်၊ အသက် ၁၁ နှစ်အရွယ်အမျိုးသား ၂ဦး ၊အသက် ၁၇ နှစ်၊ အသက် ၁၄ နှစ်၊ အသက် ၇ နှစ်နဲ့ အသက် ၂ နှစ်အရွယ်အမျိုးသမီး ၄ဦးတို့ မီးလောင်သေဆုံးခဲ့တာဖြစ်တယ်လို့
ဟားခါးမီးသတ်စခန်းကနေ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ဟားခါးမြို့မရဲစခန်းမှ (ပ) ၁၁/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅/၃၀၄(က)နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟားခါး #မီးလောင်မှု #လူ၆ဦးသေဆုံး

Related posts

✕
VOM News

FREE
VIEW