မြစ်ကြီးနားဆန္ဒပြပွဲမှာအဖမ်းခံရတဲ့အထဲက ဆရာတော်ဦးပညာဝံသ မလွတ်သေး

မြစ်ကြီးနား-ဖေဖေါ်ဝါရီ ၂၀-၂၀၂၁
ရန်အောင်ထွန်း(VOM)
ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ ဆန္ဒဖော်ထုတ်ပွဲမှာ အဖမ်းခံလိုက်ရတဲ့ ဆရာတော် ဦးပညာဝံသကို ပြန်လွှတ်မပေးသေးလို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ လူထုကတောင်းဆိုနေကြပါတယ်။
အဲ့ဒီအထဲက ၁၆ ဦးပြန်လွှတ်ပေးခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဘာကြောင့် ပြန်မလွှတ်တယ်ဆိုတာ မေးကြည့်တော့ ” ဟုတ်တယ် ကျွန်တော်တို့ သိရသလောက်တော့ အားလုံးလောက်ကပြန်လွတ်ပြီဆရာတော်ကိုတော့ ပြန်မလွှတ်သေးဘူး ဘာ့ကြောင့်ဆိုတာတော့ မပြောတတ်ဘူး ၊ ကျွန်တော်တို့ကတော့ အဖမ်းအဆီးခံရတဲ့သူတွေ အကုန်လုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ။ ” လို့ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာကနေ ပြောပါတယ်။
လက်ရှိအချိန်အထိ အဖမ်းခံရသူတွေကတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ၄ ဦး၊ ၁၉ ရက်နေ့က ၁၃ ဦး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်ခဲ့ပြီး ၃ ကြိမ် အဖြိုအခွဲခံထားရပါတယ်။ ဖြိုခွဲတဲ့အကြိမ်တိုင်းမှာ အရပ်သားတွေ ၊ ဝန်ထမ်းတွေနဲ့ မီဒီယာသမားတွေကိုပါ အဖမ်းခံခဲ့ရတာမျိုး ရှိပေမယ့် ခံဝန်ကတိရေးထိုးခိုင်းပြီး အားလုံးနီးပါး ပြန်လွှတ်ပေးတာ တွေ့ရပါတယ်။
#voiceofmyanmar #VOM #မြစ်ကြီးနားသပိတ်ဦးဆောင်ဆရာတော်မလွတ်သေး

Related posts

Leave a Comment

VOM News

FREE
VIEW