သတင်းမီဒီယာကောင်စီဝင်( ၃) ဦးထပ်မံနှုတ်ထွက်လို့ နှုတ်ထွက်သူ စုစုပေါင်း ၁၈ ဦးထိရှိပြီ

မန္တလေး-ဖေဖေါ်ဝါရီ ၂၀-၂၀၂၁ Voice Of Myanmar   ဖေဖော်ဝါရီ ၁၇ ရက် က သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးဦးကျော်စွာမင်းနဲ့ အတွင်းရေးမှူးအဖွဲ့ အပါအဝင် ကောင်စီဝင်စုစုပေါင်း ၁၅ ဦးတစ်ပြိုင်တည်း နှုတ်ထွက်ခဲ့ပြီးနောက် ဒီကနေ့မှာ ၃ဦးထပ်ပြီးထွက်စာတင်ခဲ့တာမို့ နှုတ်ထွက်သူစုစုပေါင်း ၁၈ ဦးထိရှိခဲ့ပြီဖြစ်ပါတယ်။   ဒီကနေ့ ထပ်ပြီးထွက်သူတွေကတော့ ဦးခင်မောင်ဌေး၊ ဦးဇင်လင်း၊ ဦးသိမ်းစိုး တို့ဖြစ်ပါတယ်။ ဒီကနေ့ ထွက်ရတဲ့အကြောင်းအရင်းကို ဆရာဦးဇင်လင်းပြောပြတာက   “လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ သတင်းလွတ်လပ်ခွင့်မရှိ ၊ သတင်းထောက်တွေမလုံခြုံတော့ ကောင်စီက အကာကွယ်ပေးဖို့မတတ်နိုင်တော့ဘူး၊ နောက်သူတို့တက်လာပြီးတာနဲ့ တပြိုင်နက်တဲ့ မပြောမဆို DVB နဲ့ Mizzima တို့ကို ပိတ်ချလိုက်တော့ လွတ်လပ်စွာတင်ပြခွင့်ကို ရိုက်ချိုးလိုက်သလိုဖြစ်တယ်။ ဒီအခြေအနေအောက်မှာ press freedom မရှိတော့ ဘာမှလုပ်မပေးနိုင်ဘူး စစ်ကောင်စီနဲ့တွဲလုပ်ရမယ်ဆိုရင် လွတ်လပ်မှုမရှိနိုင်လို့ ထွက်လိုက်တာပါ “ လို့  ပြောပါတယ်။…

Read More

မြစ်ကြီးနားဆန္ဒပြပွဲမှာအဖမ်းခံရတဲ့အထဲက ဆရာတော်ဦးပညာဝံသ မလွတ်သေး

မြစ်ကြီးနား-ဖေဖေါ်ဝါရီ ၂၀-၂၀၂၁ ရန်အောင်ထွန်း(VOM) ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ ဆန္ဒဖော်ထုတ်ပွဲမှာ အဖမ်းခံလိုက်ရတဲ့ ဆရာတော် ဦးပညာဝံသကို ပြန်လွှတ်မပေးသေးလို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ လူထုကတောင်းဆိုနေကြပါတယ်။ အဲ့ဒီအထဲက ၁၆ ဦးပြန်လွှတ်ပေးခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဘာကြောင့် ပြန်မလွှတ်တယ်ဆိုတာ မေးကြည့်တော့ ” ဟုတ်တယ် ကျွန်တော်တို့ သိရသလောက်တော့ အားလုံးလောက်ကပြန်လွတ်ပြီဆရာတော်ကိုတော့ ပြန်မလွှတ်သေးဘူး ဘာ့ကြောင့်ဆိုတာတော့ မပြောတတ်ဘူး ၊ ကျွန်တော်တို့ကတော့ အဖမ်းအဆီးခံရတဲ့သူတွေ အကုန်လုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ။ ” လို့ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာကနေ ပြောပါတယ်။ လက်ရှိအချိန်အထိ အဖမ်းခံရသူတွေကတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ၄ ဦး၊ ၁၉ ရက်နေ့က ၁၃ ဦး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲတွေ…

Read More
VOM News

FREE
VIEW