သတင်းမီဒီယာကောင်စီဝင်( ၃) ဦးထပ်မံနှုတ်ထွက်လို့ နှုတ်ထွက်သူ စုစုပေါင်း ၁၈ ဦးထိရှိပြီ

မန္တလေး-ဖေဖေါ်ဝါရီ ၂၀-၂၀၂၁

Voice Of Myanmar

 

ဖေဖော်ဝါရီ ၁၇ ရက် က သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးဦးကျော်စွာမင်းနဲ့ အတွင်းရေးမှူးအဖွဲ့ အပါအဝင် ကောင်စီဝင်စုစုပေါင်း ၁၅ ဦးတစ်ပြိုင်တည်း နှုတ်ထွက်ခဲ့ပြီးနောက် ဒီကနေ့မှာ ၃ဦးထပ်ပြီးထွက်စာတင်ခဲ့တာမို့ နှုတ်ထွက်သူစုစုပေါင်း ၁၈ ဦးထိရှိခဲ့ပြီဖြစ်ပါတယ်။

 

ဒီကနေ့ ထပ်ပြီးထွက်သူတွေကတော့ ဦးခင်မောင်ဌေး၊ ဦးဇင်လင်း၊ ဦးသိမ်းစိုး တို့ဖြစ်ပါတယ်။ ဒီကနေ့ ထွက်ရတဲ့အကြောင်းအရင်းကို ဆရာဦးဇင်လင်းပြောပြတာက

 

“လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ သတင်းလွတ်လပ်ခွင့်မရှိ ၊ သတင်းထောက်တွေမလုံခြုံတော့ ကောင်စီက အကာကွယ်ပေးဖို့မတတ်နိုင်တော့ဘူး၊ နောက်သူတို့တက်လာပြီးတာနဲ့ တပြိုင်နက်တဲ့ မပြောမဆို DVB နဲ့ Mizzima တို့ကို ပိတ်ချလိုက်တော့ လွတ်လပ်စွာတင်ပြခွင့်ကို ရိုက်ချိုးလိုက်သလိုဖြစ်တယ်။ ဒီအခြေအနေအောက်မှာ press freedom မရှိတော့ ဘာမှလုပ်မပေးနိုင်ဘူး စစ်ကောင်စီနဲ့တွဲလုပ်ရမယ်ဆိုရင် လွတ်လပ်မှုမရှိနိုင်လို့ ထွက်လိုက်တာပါ “ လို့  ပြောပါတယ်။

 

ကောင်စီစဖွဲ့ချိန်က ၂၉ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး(  ၂ ဦးကွယ်လွန်၊ တစ်ဦးနှုတ်ထွက်) တာကြောင့် ၂၆ ဦးကျန်ရှိရာ ၁၈ဦးနှုတ်ထွက်ခဲ့ပြီးဖြစ်တာမို့  ၈ ဦးသာကျန်ရှိတော့ပါတယ်။ လက်ရှိ ကျန်နေတဲ့ သူတွေကတော့ ဒေါက်တာမျိုးသန့်တင်၊ ဦးကျော်နိုင်(ထက်မြက်)၊ ဦးကျော်ဇေယျ ။ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)ဦးမင်းဟန် ၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးဇေယျနဲ့ ဒေါ် အိအိတင်တို့ဘဲ ကျန်ရှိတော့ပါတယ်။

 

သတင်းမီဒီယာ ဥပဒေအရဆိုရင် ကျန်တဲ့ ၈ ယောက်နဲ့  အထမမြောက်တော့တာမို့ ကျန်သူတွေကိုယ်တိုင် နုတ်ထွက်ပြီး ရွေးချယ်တင်မြောက်ရေးအဖွဲ့ကို ပြန်အပ်ပြီးမှ ရက်ပေါင်း ၆၀ အတွင်း ပြန်လည်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အစားထိုးပြီး ဇွတ်လုပ်ရင်လည်း’ဥပဒေနဲ့ မညီတဲ့အတွက် လက်ရှိသတင်းမီဒီယာကောင်စီပျက်ပြီလို့ မှတ်ယူနိုင်တယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေဆီက သိရပါတယ်။

 

#voiceofmyanmar #VOM #သတင်းမီဒီယာကောင်စီ

ဓါတ်ပုံ -MPC

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW