ဖေဖော်ဝါရီ ၂၂-၂၀၂၁
Photos-TAG
နိုင်ငံလုံးဆိုင်ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၂.၂.၂၀၂၁ အထွေထွေ သပိတ်မှာ မြန်မာနိုင်ငံဓာတ်ပုံအင်အားစု Myanmar Photographers Association (MPA) ကလည်း ရန်ကုန်မြို့ ဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပါဝင် ဆန္ဒ ပြခဲ့ပါတယ်။
MPA အဖွဲ့ဟာ မနက် ၉ နာရီမှာ ရန်ကုန်မြို့၊ ပြည်လမ်းရှိ တော်ဝင်စင်တာရှေ့ကနေ စတင်ကာ တရုတ်သံရုံး၊ ထိုင်းသံရုံးတွေကို သွားရောက်ကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး မြေနီကုန်းရှိ အထွေထွေ စုပေါင်းသပိတ်ကို ဆက်လက်ချီတက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
#voiceofmyanmar #VOM #ဓါတ်ပုံအင်အားစု