နေပြည်တော်မှာ ဆန္ဒပြဖို့ထွက်လာသူတိုင်းကို လိုက်လံဖမ်းဆီး

ဖေဖော်ဝါရီ ၂၂-၂၀၂၁ ကိုထွန်း(VOM) နေပြည်တော် လမ်းဆုံလမ်းခွတိုင်းမှာ ရဲနဲ့စစ်သားအစောင့်တွေရှိနေပြီး ထွက်လာသမျှအဖွဲ့တိုင်းကို အတင်းလိုက်ဖမ်းနေပြီဖြစ်ပါတယ်။ ဒီကနေ့နေပြည်တော် နှင်းဆီအဝိုင်းက ဆန္ဒပြသူတွေကို ဖြိုခွင်းဖမ်းဆီးရာမှာလည်း လူဦးရေ ၁၀၀ဝန်းကျင်လောက်ရှိနိုင်တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ #voiceofmyanmar # VOM #နေပြည်တော်

Read More

တောင်ငူမှာ CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့မှုစတင်

တောင်ငူ_ဖေဖေါ်ဝါရီ-၂၂-၂၀၂၁ KS civil disobedience movenment (CDM) မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် Toungoo Civil Disovedience Movenment Supporting Group ကို ဖွဲ့စည်းထားပြီး တောင်ငူခရိုင်က CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီမှာပါဝင်တဲ့ တောင်ငူ‌ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပြတာက “ တောင်ငူခရိုင်မှာ အစိုးရဝန်ထမ်းပေါင်းစုံ (၃၃၀၀)ခန့် ရှိပြီး၊ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ဖို့ မ တည်အလှူငွေ ကျပ် (၂၀၀၀)ဖြင့် စတင်ခဲ့ပြီး တောင်ငူမြို့တွင်းမှ စေတနာရှင်များနှင့် ပြည်ပရောက် တောင်ငူဇာတိဖွား အလှူရှင်များကလည်း ပါဝင်လှူဒါန်းလျှက်ရှိပြီး (CDM)လုပ်နေတဲ့ ဝန်ထမ်းတိုင်းကို ထောက်ပံ့ဖို့ ရံပုံငွေ အလုံအ‌လောက် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း” လို့ ပြောပါတယ်။ အဲဒီအဖွဲ့ကနေ ခရိုင်ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း(၇၀)ဦး၊ သစ်ထုတ်ရေး…

Read More

မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ၂ ငါးလုံးသပိတ်မှောက်နေ့ ဘားအံမှာ ဆန္ဒပြ

ဖေဖော်ဝါရီ ၂၂-၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လူဦးရေ ၃ သိန်းကျော်ပါဝင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဟာ ၂ ငါးလုံး အထွေထွေသပိတ်မှောက်တဲ့နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မမိုးမိုးသန်းဆွေက “မတရားမှုတွေကို မခံနိုင်တော့ဘူး။ စစ်အာဏာရှင်တွေကို အမြန်ဆုံးကျဆုံးစေချင်တယ်။ ကျမတို့ သားသမီးတွေ အနာဂတ်အတွက် တိုက်ပွဲဝင်ရမယ်။ အောင်နိုင်ဖို့အတွက် ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေက CDM မှာ ပူးပေါင်းပါဝင်ပေးပါ “လို့ ဆိုပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ကော့ကရိတ်အထွက် လမ်းဆုံအထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဌာနဆိုင်ရာတွေ၊ မြို့ခံပြည်သူတွေ၊ မသန့်စွမ်းတွေနဲ့…

Read More

မြန်မာတိုင်းမ်က ထုတ်ဝေတာတွေအားလုံး ၃ လကြာ ယာယီရပ်ဆိုင်း

ဖေဖော်ဝါရီ ၂၂-၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ကနေထုတ်ဝေနေတဲ့ ဂျာနယ်၊ နေ့စဉ်သတင်းစာ နဲ့ TV Channel တွေအားလုံးကို ဖေဖော်ဝါရီ ၂၁ ရက်နေစပြီးတော့ ၃ လကြာ ယာယီရပ်ဆိုင်းထားတယ်လို့သိရပါတယ်။ မြန်မာတိုင်းမ်ရဲ့ သတင်းဓာတ်ပုံ၊ ဆောင်းပါးနဲ့ ဗီဒီယိုအားလုံးကို Social media platform စတဲ့နေရာတွေမှာ မတင်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ မြန်မာတိုင်းမ်နေ့စဉ် မြန်မာဘာသာ၊ The Myanmar Times Daily English၊ မြန်မာတိုင်းမ်အပတ်စဉ်ထုတ်ဂျာနယ်၊ The Myanmar Time Facebook Page မြန်မာအင်္ဂလိပ် ၊ The Myanmar Times Website မြန်မာအင်္ဂလိပ်၊ The Myanmar Times Twitter Page ၊ The Myanmar Times News App၊ The…

Read More

မိုးမောက်မြို့ ၂ငါးလုံး အထွေထွေသပိတ်

ဖေဖော်ဝါရီ ၂၂-၂၀၂၁ KHAJ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံးအထွေထွေသပိတ်ကို ဒေသခံတွေက ပြုလုပ်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မိုးမောက်မြို့ #အထွေထွေသပိတ်

Read More

လားရှိုး ၂၂၂၂၂ အထိမ်းအမှတ် သပိတ်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁ Photos-TTM and violin Shayi ၂ ငါးလုံးအထွေထွေသပိတ် လားရှိုးမြို့မှာ လူအင်အား ၁သိန်းနီးပါးနဲ့ လားရှိုးမိုတယ်ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ချီတက်ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၂ တွင် ပြုလုပ်သော ၂၂၂၂၂ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲမှာ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များ၊ CDM ပြုလုပ်သောဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ၊ ကချင်၊ ကရင်၊ ရှမ်း၊ ဝ၊ တအာင်းပလောင် တိုင်းရင်းသားများအပြင် မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ၊ မြန်မာ မွတ်ဆလင်များ၊ ဘာသာပေါင်းစုံမှ မိဘပြည်သူများ၊ ဈေးသူ၊ဈေးသားများ စတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသိန်းချီ ကြွေးကြော်သံများ၊လက်ကိုင်ပိုစတာများ၊ နိုင်ငံရေးသီချင်းများတက်ကြွသီဆိုကာငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ဆန္ဒ ဖော်ထုတ်ကြခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှလည်းတစ်စုံတစ်ရာနှောင့်ယှက်ဟန့်တားခြင်း၊ ပိတ်ပင်ခြင်းများမရှိခဲ့တဲ့အတွက် စစ်အာဏာရှင်အလိုမရှိကြောင်းပြည်သူ့ဆန္ဒဖော်ထုတ်မှုလည်းအေးချမ်းအောင်မြင်စွာ ပြီးဆုံး ခဲ့ ပါတယ် #VoiceOfMyanmar…

Read More

ကျောက်မဲ ၂၂၂၂၂ သပိတ်မြင်ကွင်း

ဖေဖော်ဝါရီ ၂၂၊ ၂၀၂ Shayi Violin ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့ ၂၂၂၂၂ လုံး ပြည်လုံးကျွတ် သပိတ်တွင် ဒေသခံ ပြည်သူလူထု ၅ သောင်းကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။ ကရင်၊ ရှမ်း၊ တအာင်းပလောင် အပြင် အခြား တိုင်းရင်းသားများ ပါဝင်ပြီး လျှပ်စစ်၊ ပညာရေး၊ ပြည်သူ့ဆေးရုံ၊ ပြည်သူရဲ စတဲ့ ဌာနဆိုင်ရာမှ ဝန်ထမ်းများပါ ပါဝင် တယ်လို့ ဦးဆောင်သူ တစ်ဦး က ပြောပါတယ်။ #voiceofmyanmar #VOM #ကျောက်မဲ

Read More
VOM News

FREE
VIEW