မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ၂ ငါးလုံးသပိတ်မှောက်နေ့ ဘားအံမှာ ဆန္ဒပြ

ဖေဖော်ဝါရီ ၂၂-၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လူဦးရေ ၃ သိန်းကျော်ပါဝင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဟာ ၂ ငါးလုံး အထွေထွေသပိတ်မှောက်တဲ့နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မမိုးမိုးသန်းဆွေက “မတရားမှုတွေကို မခံနိုင်တော့ဘူး။ စစ်အာဏာရှင်တွေကို အမြန်ဆုံးကျဆုံးစေချင်တယ်။ ကျမတို့ သားသမီးတွေ အနာဂတ်အတွက် တိုက်ပွဲဝင်ရမယ်။ အောင်နိုင်ဖို့အတွက် ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေက CDM မှာ ပူးပေါင်းပါဝင်ပေးပါ “လို့ ဆိုပါတယ်။

ဆန္ဒပြသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ကော့ကရိတ်အထွက် လမ်းဆုံအထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဌာနဆိုင်ရာတွေ၊ မြို့ခံပြည်သူတွေ၊ မသန့်စွမ်းတွေနဲ့ မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတိုင်းရင်းသားပြည်သူ အင်အား ၃ သိန်းကျော်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ရာလမ်းကြောင်းတလျှောက် ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ လုံခြုံရေးယူထားတာ၊ လူစုခွဲဟန့်တားတာတွေမရှိဘဲ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဒီကနေ့ဟာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ CDM အောင်မြင်ရေးအတွက် ပြည်လုံးကျွတ် သပိတ်မှောက်ဆန္ဒပြတဲ့နေ့ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ဘားအံ #မြန်မာ့နွေဦးတော်လှန်ရေး

မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ၂ ငါးလုံးသပိတ်မှောက်နေ့ ဘားအံမှာ ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW