တောင်ငူမှာ CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့မှုစတင်

တောင်ငူ_ဖေဖေါ်ဝါရီ-၂၂-၂၀၂၁
KS

civil disobedience movenment (CDM) မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် Toungoo Civil Disovedience Movenment Supporting Group ကို ဖွဲ့စည်းထားပြီး တောင်ငူခရိုင်က CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

အဲဒီမှာပါဝင်တဲ့ တောင်ငူ‌ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပြတာက
“ တောင်ငူခရိုင်မှာ အစိုးရဝန်ထမ်းပေါင်းစုံ (၃၃၀၀)ခန့် ရှိပြီး၊ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ဖို့ မ တည်အလှူငွေ ကျပ် (၂၀၀၀)ဖြင့် စတင်ခဲ့ပြီး တောင်ငူမြို့တွင်းမှ စေတနာရှင်များနှင့် ပြည်ပရောက် တောင်ငူဇာတိဖွား အလှူရှင်များကလည်း ပါဝင်လှူဒါန်းလျှက်ရှိပြီး (CDM)လုပ်နေတဲ့ ဝန်ထမ်းတိုင်းကို ထောက်ပံ့ဖို့ ရံပုံငွေ အလုံအ‌လောက် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း” လို့ ပြောပါတယ်။

အဲဒီအဖွဲ့ကနေ ခရိုင်ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း(၇၀)ဦး၊ သစ်ထုတ်ရေး ဝန်ထမ်း(၂၀)ဦး၊ ဘဏ်ဝန်ထမ်း (၁၃)ဦး၊ ရဲဝန်ထမ်း (၁)ဦးနှင့် စည်ပင်ဝန်ထမ်း (၅)ဦး စုစုပေါင် အစိုးရဝန်ထမ်း (၄၀၀)ကျော် ကို တစ်ဦးလျှင် ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့် ကူညီထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် CDM မှာ တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်နေတဲ့၊ ပညာရေး၊ မီးရထား၊ သစ်တော၊ ဆည်‌မြောင်း၊ ဘဏ်လုပ်ငန်း က ဝန်ထမ်းတွေကိုလည်း ဆက်လက်ပံ့ပိုးဖို့ လုပ်ဆောင်လျှက်ရှိကြောင်း အဖွဲ့မှာပါဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

#voiceofmyanmar #VOM #တောင်ငူCDM

Related posts

VOM News

FREE
VIEW