သူတို့အိမ် အခန်း (၂၄၇)

ဆူးငှက်   အနှစ် ၁၅၀ ပြည့်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ —————————————– ကျွန်တော်တို့က မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတွေ ကျင်းပကြဖို့ တိုင်ပင်ကြ စီစဉ်ကြသောအခါ ဒေါ်ဒေါ်လူထုဒေါ်အမာကို သတိရလှသည်။ မန္တလေဒ အနှစ်၁၀၀ပြည့်ကာလ အခါက လူထုသတင်းစာတိုက်ကို အားတက်သရော အကူအညီပေးနေသည့် ရျွှေကိုင်းသား၊ ရတနာပုံဖိုးမှတ်စု စသည့် ကလောင်ကို ကိုင်ဆောင်သည့် ကိုထွန်းလှိုင်က ရာပြည့်ပွဲ ကျင်းပရန် လှုံ့ဆော်သူ၊ စာအုပ်စာတမ်းပြုစုသူ၊ နောက်ကွယ်က အစစလှုပ်ရှားသူ ဖြစ်ကာ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မြို့မိမြို့ဖများနှင့် ပူးပေါင်း ၍ မန်းရာပြပွဲကြီးကို ဦးဆောင်ခဲ့ကြသူများ ဖြစ်သည်။   ယခု မန္တလေး အနှစ်၁၅၀ပြည့်မှာ လူထုသတင်းစာ အယ်ဒီတာဖြစ်ခဲ့ပြီး မန္တလေးအကြောင်းတွေ အစဉ်တစိုက် ရေးသားခဲ့သူ ဆရာနတ်မောက်ထွန်းရှိန်က မန္တလေး အနှစ်၁၅၀ပြည့်ပွဲတော် ကျင်းပဖို့ လွန်ခဲ့သည့် ၁၀နှစ်ကတည်းက…

Read More

ခေတ်အ​ခြေအ​နေ​ကြောင့် ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲ စည်ကား​အောင်ကျင်းပမယ်

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၆ MW(VOM) ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲကို ကိုဗစ်မတိုင်ခင်ကျင်းပခဲ့သလို ၁၂ပွဲစျေးဆိုင်​တွေနဲ့ စည်စည်ကားကားကျင်းပဖို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံက ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။ “ဘုရားကြီးပွဲမလုပ်ရတာ ၆နှစ်ရှိပြီ။ အခုနှစ်တော့ ကိုဗစ်မတိုင်ခင်ကလို စည်စည်ကားကားနဲ့ ကျင်းပဖို့ စီစဥ်နေကြပါတယ်အောက်တိုဘာလ၂၀ရက် မနက်ကစပြီး ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီး၂ဆူကူးတဲ့ ဘုရားကြီးလမ်းတလျောက် စျေးဆိုင်ခန်းတွေ စဆောက်နေပါပြီ။ ရွှေစည်းခုံဘုရားကြီးနဲ့ ဗိမာန်ကြီး၂ခုရှေ့တွေမှာလည်းဆိုင်ခန်းတွေ ဆောက်တော့မှာပါ။ နာရီစင်ပတ်လည်လည်းဆောက်မှာပါ”လို့ ကော်မတီဝင်ကပြောပါတယ်။ ပွဲတော်ကို အောက်တိုဘာလ(၂၆)ရက်က စပြီး (၁၅)ရက် ကျင်းပသွားမှာဖြစ်သလို ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီးနှစ်ဆူကြားဘုရားကြီးလမ်းတစ်လျောက် ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဘုရားပွဲတော်လာ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့စီစဥ်သူတွေဆီကသိရပါတယ်။ ရွှေစည်းခုံဘုရား ဂေါပကတာဝန်ရှိသူတွေက ပွဲတော်ကာလအတွင်း စတုဒိသာ ကျွေးမွေးတဲ့အစီအစဉ်တွေဆောင်ရွက်နေကြပြီး ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကျော်၈ရက်နေ့ မနက်မှာ ပင့်သံဃာအပါး၁၀၀၀ကို ဆွမ်းသပိတ်တွေလောင်းလှုကြမှာဖြစ်ပါတယ်။…

Read More
✕
VOM News

FREE
VIEW