လားရှိုး ၂၂၂၂၂ အထိမ်းအမှတ် သပိတ်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
Photos-TTM and violin Shayi

၂ ငါးလုံးအထွေထွေသပိတ် လားရှိုးမြို့မှာ လူအင်အား ၁သိန်းနီးပါးနဲ့ လားရှိုးမိုတယ်ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ချီတက်ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၂ တွင် ပြုလုပ်သော ၂၂၂၂၂ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲမှာ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များ၊ CDM ပြုလုပ်သောဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ၊ ကချင်၊ ကရင်၊ ရှမ်း၊ ဝ၊ တအာင်းပလောင် တိုင်းရင်းသားများအပြင် မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ၊ မြန်မာ မွတ်ဆလင်များ၊ ဘာသာပေါင်းစုံမှ မိဘပြည်သူများ၊ ဈေးသူ၊ဈေးသားများ စတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသိန်းချီ ကြွေးကြော်သံများ၊လက်ကိုင်ပိုစတာများ၊ နိုင်ငံရေးသီချင်းများတက်ကြွသီဆိုကာငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ဆန္ဒ ဖော်ထုတ်ကြခဲ့ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှလည်းတစ်စုံတစ်ရာနှောင့်ယှက်ဟန့်တားခြင်း၊ ပိတ်ပင်ခြင်းများမရှိခဲ့တဲ့အတွက် စစ်အာဏာရှင်အလိုမရှိကြောင်းပြည်သူ့ဆန္ဒဖော်ထုတ်မှုလည်းအေးချမ်းအောင်မြင်စွာ ပြီးဆုံး ခဲ့ ပါတယ်

#VoiceOfMyanmar #VOM #လားရှိုး #အထွေထွေသပိတ်

လားရှိုး ၂၂၂၂၂ အထိမ်းအမှတ် သပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW