မြန်မာတိုင်းမ်က ထုတ်ဝေတာတွေအားလုံး ၃ လကြာ ယာယီရပ်ဆိုင်း

ဖေဖော်ဝါရီ ၂၂-၂၀၂၁
ယဉ်ပပထွန်း(VOM)

ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ကနေထုတ်ဝေနေတဲ့ ဂျာနယ်၊ နေ့စဉ်သတင်းစာ နဲ့ TV Channel တွေအားလုံးကို ဖေဖော်ဝါရီ ၂၁ ရက်နေစပြီးတော့ ၃ လကြာ ယာယီရပ်ဆိုင်းထားတယ်လို့သိရပါတယ်။

မြန်မာတိုင်းမ်ရဲ့ သတင်းဓာတ်ပုံ၊ ဆောင်းပါးနဲ့ ဗီဒီယိုအားလုံးကို Social media platform စတဲ့နေရာတွေမှာ မတင်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

မြန်မာတိုင်းမ်နေ့စဉ် မြန်မာဘာသာ၊ The Myanmar Times Daily English၊ မြန်မာတိုင်းမ်အပတ်စဉ်ထုတ်ဂျာနယ်၊ The Myanmar Time Facebook Page မြန်မာအင်္ဂလိပ် ၊ The Myanmar Times Website မြန်မာအင်္ဂလိပ်၊ The Myanmar Times Twitter Page ၊ The Myanmar Times News App၊ The Myanmar Times TV တို့ကို ရပ်ဆိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာတိုင်းမ်က တာဝန်ရှိသူ ဦးဝေလင်းက “ကွန်တော်တို့က ယာယီ ၃ လရပ်ဆိုင်းတယ်လို့ အခုလောလောဆယ် ကြေညာထားပါတယ်။ ပြန်ထွက်မယ့် ရက်ကိုတော့ ပြန်ပြီးပြောပေးသွားမှာပါ”လို့ VOM ကိုပြောပါတယ် ။

ရုံးက လစာမဲ့ ပုံစံလိုမျိုးဖြစ်နေလို့ ရုံးကနားတဲ့ ၃ လလုံးအတွက် လစာတောင်းနေပေမယ့် ဘယ်လိုလာအုံးမယ်မသိရသေးဘူးလို့ မြန်မာတိုင်းမ်နေ့စဉ်က သတင်းထောက်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာတိုင်းမ်မှာ လုပ်ကိုင်နေတဲ့ သတင်းထောက်အတော်များများ အလုပ်က နုတ်ထွက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ရှိပါတယ်။

၂၀၂၀ ခုနှစ် သြဂုတ် ၂၂ ရက်နေ့ကလည်း မြန်မာတိုင်းမ်ကထုတ်ဝေတာတွေအားလုံးကို ၇ ရက်ကြာ ယာယီရပ်ဆိုင်းခဲ့ပါသေးတယ်။

Photo-The Myanmar Times (Fb)
#VoiceOfMyanmar #VOM #မြန်မာတိုင်းမ် #TheMyanmarTimes #၃လရပ်နား

မြန်မာတိုင်းမ်က ထုတ်ဝေတာတွေအားလုံး ၃ လကြာ ယာယီရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW