CRPH က နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ပြင်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃-၂၀၂၁
အေးချမ်းသူ(VOM)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြည်နယ်နှင့်တိုင်းအလိုက် ကြားကာလပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ကစပြီး ပြင်ဆင်နေတယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်ကနေ သိရပါတယ်။

ဦးလွင်ကိုလတ်က “ကြားကာလပြည်သူအုပ်ချုပ်ရေးကို ဖွဲ့ရတာက စစ်တပ်က အာဏာသိမ်းတယ်၊ ဒါကို ပြည်သူတွေက အသိအမှတ်မပြုဘူး ဆန္ဒပြတယ်။ ဒါနဲ့နောက်ဆက်တွဲဘာဖြစ်လာဆိုတဲ့ နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာလည်းပဲ နစအကောင်စီက တာဝန်ယူနိုင်မှုမရှိတော့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဖို့လိုအပ်လာလို့ ဖွဲ့ရတာ” လို့ VOM ကို ပြောပါတယ်။

CRPH က ကြားကာလ ပြည်သူအုပ်ချုုပ်ရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညပိုင်းမှာ ဖေဖော်ဝါရီ ၂၂ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။

ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ရပ်ကျေးကစတင်ကာ မြိုနယ်၊ ခရိုင်၊ တိုင်းအလိုက် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရပ်မိရပ်ဖတွေ၊ CDM ဝန်ထမ်းတွေ၊ လူငယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အဖွဲ့ဝင် ၁၁ဦးနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ သက်တမ်းကတော့ န.စ.အ ကောင်စီ အုပ်ချုပ်နေတဲ့ ကြားကာလသာဖြစ်တယ်လို့ CRPH ဦးလွင်ကိုလတ်က ပြောပါတယ်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ရည်ရွယ်ချက် ၇ချက်၊ လုပ်ငန်းတာဝန် ၁၀ချက်၊ စည်းကမ်းချက် ၅ချက်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ CRPH ရဲ့ ကြေညာချက်အရ သိရပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူပြီးနောက် ရန်ကုန်တိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွေမှာ လုပ်ငန်းခွင်မဝင်ဘဲ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ န.စ.အ ကောင်စီနဲ့ လက်တွဲမလုပ်လိုတာကြောင့် နှုတ်ထွက်စာတင်ကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေလည်း အမြောက်အမြား ရှိနေပါတယ်။

#VoiceOfMyanmar #VOM #ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ #CRPH

CRPH က နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ပြင်ဆင်

Related posts

Leave a Comment

VOM News

FREE
VIEW