ပျဉ်းမနားကဖမ်းဆီသွားသူတွေကို ပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂၃ -၂၀၂၁ ကိုထွန်း( VOM) မနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်က နေပြည်တော်ပျဉ်းမနား နှင်းဆီပန်းအဝိုင်းနားမှာ ဖမ်းဆီးခံခဲ့ရသူတွေကို ပြန်လည်လွှတ်ပေးဖို့ ရှေ့နေအဖွဲ့နဲ့ ပြည်သူတွေရဲ့ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ပုဗ္ဗသီရိမြို့နယ် ရဲတပ်ရင်း၂၀ထဲမှာ ထိမ်းသိမ်းထားရာက ခုစတင် လွှတ်ပေးနေပြီ ဖြစ်ကြောင်းသိရပါတယ်။ မနေ့က ဖမ်းခံရသူ ၁၉၈ ယောက်ထဲက ၄ ယောက်ကို ဖမ်းထားပြီး ၁၉၄ ယောက်လွှတ်လိုက်တာလို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော်

Read More

CRPH က နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ပြင်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃-၂၀၂၁ အေးချမ်းသူ(VOM) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြည်နယ်နှင့်တိုင်းအလိုက် ကြားကာလပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ကစပြီး ပြင်ဆင်နေတယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်ကနေ သိရပါတယ်။ ဦးလွင်ကိုလတ်က “ကြားကာလပြည်သူအုပ်ချုပ်ရေးကို ဖွဲ့ရတာက စစ်တပ်က အာဏာသိမ်းတယ်၊ ဒါကို ပြည်သူတွေက အသိအမှတ်မပြုဘူး ဆန္ဒပြတယ်။ ဒါနဲ့နောက်ဆက်တွဲဘာဖြစ်လာဆိုတဲ့ နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာလည်းပဲ နစအကောင်စီက တာဝန်ယူနိုင်မှုမရှိတော့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဖို့လိုအပ်လာလို့ ဖွဲ့ရတာ” လို့ VOM ကို ပြောပါတယ်။ CRPH က ကြားကာလ ပြည်သူအုပ်ချုုပ်ရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညပိုင်းမှာ ဖေဖော်ဝါရီ ၂၂ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ရပ်ကျေးကစတင်ကာ မြိုနယ်၊ ခရိုင်၊ တိုင်းအလိုက် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရပ်မိရပ်ဖတွေ၊…

Read More

န.စ.အ ကောင်စီတက်လာပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ သေဆုံးသွားသော သာမန်ပြည်သူများ

ဖေဖော်ဝါရီ ၈: ကိုနပွား (ခ) ကိုကိုဦး(မန္တလေးမှာ ညကားနဲ့ဆင့်တိုက်ခံရ) ဖေဖော်ဝါရီ ၉: မမြသွဲ့သွဲ့ခိုင်-အသက် ၁၉နှစ် (နေပြည်တော် သပြေကုန်းဝိုင်း ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ ခေါင်းကို အပစ်ခံခဲ့ရ) ဖေဖော်ဝါရီ ၁၅: ကိုနေနေဝင်းထက်-အသက် ၁၈နှစ် (မြိတ်မှာ ညကင်းစောင့်ရင်း‌ ခေါင်းအရိုက်ခံရ) ဖေဖော်ဝါရီ ၂၀: ကိုတင်ထွဋ်ဟိန်း-အသက် ၃၀ နှစ် (ရန်ကုန်မြို့ ရွှေပြည်သာ တ-၁၅ ရပ်ကွက်မှာ ရပ်ကွက်ကင်းစောင့်နေသူ) ဖေဖော်ဝါရီ ၂၀: ကိုဝေယံထွန်း-အသက် ၁၆ နှစ် (မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ခေါင်းကိုသေနတ်မှန်) ဖေဖော်ဝါရီ ၂၀: ကိုမင်းမင်း(ခ)သက်နိုင်ဝင်း-အသက် ၃၇ နှစ်(မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ဗိုက်ကိုသေနတ်မှန်) ဖေဖော်ဝါရီ ၂၀: ကိုကြည်စိုး-အသက် ၃၈ နှစ် (မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ဝိုင်းရိုက်ခံရ) လူစုခွဲ အကြမ်းဖက်ဖြိုခွဲမှုကြောင့် မဟုတ်ဘဲ ဆန္ဒပြပွဲအတွင်း…

Read More

ကလေးမြို့မှာ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က တားလို့ နောက်ပြန်လှည့်ခဲ့ရ

ကလေး-ဖေဖေါ်ဝါရီ-၂၃-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဒီနေ့ဆန္ဒပြကြတဲ့ပြည်သူလူထုက ဌာနဆိုင်ရာပေါင်းစုံတည်ရှိတဲ့ စုပေါင်းရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်နေတုန်း ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့တာကြောင့် ထိုင်သပိတ်ဆက်မလုပ်တော့ဘဲ ဆန္ဒပြလမ်းကြောင်းကိုလည်း နောက်ပြန်လှည့်သွားကြပါတယ်။ ဒီကနေ့ဆန္ဒပြပွဲမှာ လူဦးရေ တစ်ထောင်ကျော်သာ လိုက်ပါခဲ့တာတွေ့ရပြီး အခုလို ရဲတပ်ဖွဲ့က ထိုင်သပိတ်ပြုလုပ်တာကို တားမြစ်ခဲ့တာရှိပေမယ့် ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

အာဏာသိမ်းယူမှု အလိုမရှိကြောင်း ဘားအံမှာ ထိုင်သပိတ်ဆန္ဒပြ

ဘားအံ-ဖေဖေါ်ဝါရီ-၂၃-၂၀၂၁ ခွန်ခမ့်သူ(VOM) အာဏာသိမ်းယူမှုကို အလိုမရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကန်သာယာ (ညဈေး)မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီခန့်က လူဦးရေ ၃၀၀ ခန့်ဟာ ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ “စစ်အာဏာရှင်စနစ်က လက်တွေ့တောင် ပြောပြစရာတောင်မလိုပါဘူး။ လူတိုင်း ကြုံတွေ့ခံစားနေရတယ်။ ဘိုးဘွားခေတ်တုန်းကလိုမျိုး မကျရောက်စေချင်တော့ဘူး။ ကိုယ်တွေလို နောက်မျိုးဆက်ထိ မခံစားစေချင်တော့ဘူး။ ဒါကြောင် စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး။ မုန်းတယ် ” လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူက ပြောပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ အထက ၁ ကျောင်းလမ်းအတိုင်း ကန်သာယာ( ညဈေး)အထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ မြို့ခံပြည်သူတွေ၊ အင်အား ၃၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပါတယ်။ ထိုင်သပိတ်ဆန္ဒပြနေစဉ်…

Read More

ပခုက္ကူက တပ်မတော်ထောက်ခံပွဲ မြို့တွင်းလှည့်လည်ခွင့်မရ

ဖေဖော်ဝါရီ ၂၃- ၂၀၂၁ NLP ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ နေ့လယ်ပိုင်းက ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ မြို့တွင်းလှည့်လည်ပြီးပြုလုပ်မယ့် တပ်မတော်ထောက်ခံပွဲဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်သွားခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ကားငါးစီးလောက်နဲ့ မြို့တွင်းလှည့်လည်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေသခံတွေက ပါတီရုံးရှေ့ကနေ သံပုံးတွေတီးပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ခုချိန်မှာတော့ တပ်မတော်ထောက်ခံမယ့် ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပြန်သွားကြသလို လာကန့်ကွက်တဲ့ ဒေသခံတွေလည်း လူစုကွဲသွားပြီလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #တပ်မတော်ထောက်ခံပွဲ #မြို့တွင်းလှည်လည်ခွင့်မရ

Read More

ရတနာပုံသင်္ဘောကျင်း ဆန္ဒပြမှုမှာ ဒဏ်ရာရသူတွေကို ကူညီရင်း သေနတ်မှန်လို့ သေဆုံးခဲ့ရတဲ့ ကိုမင်းမင်းရဲ့ ဈာပနအခမ်းအနား

ဖေဖော်ဝါရီ ၂၃ -၂၀၂၁ ရှိုင်းအောင်(VOM) ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရတနာပုံသင်္ဘောကျင်းမှာ ဆန္ဒပြတဲ့သူတွေကို တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းတဲ့အချိန် ဒဏ်ရာရတဲ့သူတွေကို ကူညီရင်း ဝမ်းဗိုက်ကိုကျည် မှန်ပြီး သေဆုံးခဲ့ရတဲ့ ကိုမင်းမင်း အသက် ၃၇ နှစ်ရဲ့ ဈာပနပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကိုမင်းမင်း အသက် ၃၇ နှစ်ရဲ့ ရုပ်အလောင်းကိုတော့ မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်က မီးသဂြိုဟ် ခဲ့တာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဆန္ဒပြ #အကြမ်းဖက်ဖြိုခွင်း #ကိုမင်းမင်း #ရတနာပုံသင်္ဘောကျင်း

Read More

ရခိုင် ပ.စ.အ ကောင်စီဝင်တွေ ကိုဗစ်ကာကွယ်ဆေးစထိုး

ဖေဖော်ဝါရီ ၂၃- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းကစပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေကြောင်း သိရပါတယ်။ ရခိုင် ပ.စ.အ ကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ အဖွဲ့ဝင်တွေ စစ်တွေဆေးရုံမှာ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေမှာယူတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေက ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက် က စပြီး ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့ပြီး လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ပုံမှန်အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးနေတာဖြစ်ပါတယ်။ ဒီနေ့ ကာကွယ်ဆေးထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံက တာဝန်ရှိသူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် မေးမြန်းလို့ မရခဲ့ပါဘူး။…

Read More

စစ်ကိုင်းတိုင်း ပင်လည်ဘူးမှာလည်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

ဖေဖော်ဝါရီ ၂၃-၂၀၂၁ WZ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ မနက်၁၀ နာရီအချိန်က ကားကြီးဝင်းကနေစုဝေးပီး လူအင်အား ရာဂဏန်းနဲ့ မြို့ထဲမိန်းလမ်းပေါ် မှာ အာဏာရှင်ဆန့်ကျင်ရေး လှည့်လှည်ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ မြို့နယ်ထွေအုပ်ရုံးရှေ့မှာလည်း လူငယ် ၅၀လောက်က CDM ကမ်ပိန်း ပြလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပင်လည်ဘူး #အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြ

Read More

မြင်းခြံမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၇ ရက်မြောက် လူထုဆန္ဒထုတ်ဖော်မှု

ဖေဖော်ဝါရီ ၂၃-၂၀၂၁ ဓါတ်ပုံ – KM #VoiceOfMyanmar #VOM #မြင်းခြံမြို့ #၁၇ရက်မြောက် #လူထုဆန္ဒထုတ်ဖော်မှု

Read More
VOM News

FREE
VIEW