န.စ.အ ကောင်စီတက်လာပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ သေဆုံးသွားသော သာမန်ပြည်သူများ

ဖေဖော်ဝါရီ ၈: ကိုနပွား (ခ) ကိုကိုဦး(မန္တလေးမှာ ညကားနဲ့ဆင့်တိုက်ခံရ)

ဖေဖော်ဝါရီ ၉: မမြသွဲ့သွဲ့ခိုင်-အသက် ၁၉နှစ် (နေပြည်တော် သပြေကုန်းဝိုင်း ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ ခေါင်းကို အပစ်ခံခဲ့ရ)

ဖေဖော်ဝါရီ ၁၅: ကိုနေနေဝင်းထက်-အသက် ၁၈နှစ် (မြိတ်မှာ ညကင်းစောင့်ရင်း‌ ခေါင်းအရိုက်ခံရ)

ဖေဖော်ဝါရီ ၂၀: ကိုတင်ထွဋ်ဟိန်း-အသက် ၃၀ နှစ် (ရန်ကုန်မြို့ ရွှေပြည်သာ တ-၁၅ ရပ်ကွက်မှာ ရပ်ကွက်ကင်းစောင့်နေသူ)

ဖေဖော်ဝါရီ ၂၀: ကိုဝေယံထွန်း-အသက် ၁၆ နှစ် (မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ခေါင်းကိုသေနတ်မှန်)

ဖေဖော်ဝါရီ ၂၀: ကိုမင်းမင်း(ခ)သက်နိုင်ဝင်း-အသက် ၃၇ နှစ်(မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ဗိုက်ကိုသေနတ်မှန်)

ဖေဖော်ဝါရီ ၂၀: ကိုကြည်စိုး-အသက် ၃၈ နှစ် (မန္တလေး ကမ်းနားလမ်းဆန္ဒပြပွဲအတွင်း ဝိုင်းရိုက်ခံရ)

လူစုခွဲ အကြမ်းဖက်ဖြိုခွဲမှုကြောင့် မဟုတ်ဘဲ ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူတွေကို ထည့်သွင်းထားတာမရှိပါဘူး။ လူစုခွဲ အကြမ်းဖက်ဖြိုခွဲမှုကြောင့် အခြား သေဆုံးခဲ့သူတွေကို သိခဲ့ရင် အချက်အလက်နဲ့တကွ VOM ကို ပေးပို့နိုင်ပါတယ်။

#VoiceOfMyanmar #VOM #လူစုခွဲ အကြမ်းဖက်ဖြိုခွဲမှု #သေဆုံး

န.စ.အ ကောင်စီတက်လာပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ သေဆုံးသွားသော သာမန်ပြည်သူများ

Related posts

Leave a Comment

VOM News

FREE
VIEW