ကလေးမြို့မှာ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က တားလို့ နောက်ပြန်လှည့်ခဲ့ရ

ကလေး-ဖေဖေါ်ဝါရီ-၂၃-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ ဒီနေ့ဆန္ဒပြကြတဲ့ပြည်သူလူထုက ဌာနဆိုင်ရာပေါင်းစုံတည်ရှိတဲ့ စုပေါင်းရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်နေတုန်း ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့တာကြောင့် ထိုင်သပိတ်ဆက်မလုပ်တော့ဘဲ ဆန္ဒပြလမ်းကြောင်းကိုလည်း နောက်ပြန်လှည့်သွားကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ လူဦးရေ တစ်ထောင်ကျော်သာ လိုက်ပါခဲ့တာတွေ့ရပြီး အခုလို ရဲတပ်ဖွဲ့က ထိုင်သပိတ်ပြုလုပ်တာကို တားမြစ်ခဲ့တာရှိပေမယ့် ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့

ကလေးမြို့မှာ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က တားလို့ နောက်ပြန်လှည့်ခဲ့ရ

Related posts

Leave a Comment

VOM News

FREE
VIEW