ပျဉ်းမနားကဖမ်းဆီသွားသူတွေကို ပြန်လွှတ်ပေး

ဖေဖော်ဝါရီ ၂၃ -၂၀၂၁
ကိုထွန်း( VOM)

မနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်က နေပြည်တော်ပျဉ်းမနား နှင်းဆီပန်းအဝိုင်းနားမှာ ဖမ်းဆီးခံခဲ့ရသူတွေကို ပြန်လည်လွှတ်ပေးဖို့ ရှေ့နေအဖွဲ့နဲ့ ပြည်သူတွေရဲ့ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ပုဗ္ဗသီရိမြို့နယ် ရဲတပ်ရင်း၂၀ထဲမှာ ထိမ်းသိမ်းထားရာက ခုစတင် လွှတ်ပေးနေပြီ ဖြစ်ကြောင်းသိရပါတယ်။

မနေ့က ဖမ်းခံရသူ ၁၉၈ ယောက်ထဲက ၄ ယောက်ကို ဖမ်းထားပြီး ၁၉၄ ယောက်လွှတ်လိုက်တာလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

ပျဉ်းမနားကဖမ်းဆီသွားသူတွေကို ပြန်လွှတ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW