ပခုက္ကူက တပ်မတော်ထောက်ခံပွဲ မြို့တွင်းလှည့်လည်ခွင့်မရ

ဖေဖော်ဝါရီ ၂၃- ၂၀၂၁
NLP

ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ နေ့လယ်ပိုင်းက ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ မြို့တွင်းလှည့်လည်ပြီးပြုလုပ်မယ့် တပ်မတော်ထောက်ခံပွဲဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်သွားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ကားငါးစီးလောက်နဲ့ မြို့တွင်းလှည့်လည်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေသခံတွေက ပါတီရုံးရှေ့ကနေ သံပုံးတွေတီးပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ခုချိန်မှာတော့ တပ်မတော်ထောက်ခံမယ့် ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပြန်သွားကြသလို လာကန့်ကွက်တဲ့ ဒေသခံတွေလည်း လူစုကွဲသွားပြီလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တပ်မတော်ထောက်ခံပွဲ #မြို့တွင်းလှည်လည်ခွင့်မရ

Related posts

Leave a Comment

VOM News

FREE
VIEW