ပခုက္ကူမြို့မှာ ဆန္ဒဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ လူ ၅၀ကျော်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ -၂၀၂၁
နေလင်းဖြူ(VOM)

ပခုက္ကူ မြို့၊ ထင်တန်းလမ်းမှာ ဆန္ဒဖော်ထုတ်နေသူတွေကို ဒီကနေ့ဖေဖော်ဝါရီ ၂၈ရက် မနက်၁၀နာရီခန့်က စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် လူ ၅၀ဦးကျော်ဖမ်းဆီးခံရပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ ပခုက္ကူမြို့၊အမှတ် ၃ ရပ်ကွက်၊ ဂကွင်း ၃ လမ်းနေသူ အသက်၃၅နှစ်ရှိ ကိုနေလင်းဦး(ခ)နေမျိုးဦး ဖြစ်ပြီး ဘယ်ဘက်ပေါင်ရင်ကျည်ဆံထိမှန်ကာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

ဒီကနေ့ ပခုက္ကူမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ သပိတ်စစ်ကြောင်းတွေဟာ ပခုက္ကူမြို့အာဇာနည်းလမ်းသမာစာရလမ်းအတိုင်း ချီတက်ပြီး ဆန္ဒဖော်ထုတ်နေကြချိန် ထင်တန်းလမ်းမှာ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်ဖြိုခွင်းခဲ့တယ့်အပြင် အ ဝေးကနေပြီး လက်နတ်ငယ်အချို့နဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #လူတစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW