ရခိုင်မှာ စစ်ပွဲတွေရပ်နေပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

ဖေဖော်ဝါရီ ၂၈- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေတာ ၄ လနီးပါးကြာမြင့်လာပေမယ့် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေနေရပ်မပြန်နိုင်သေးပါဘူး။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကနေ စစ်တွေမြို့ကို ထွက်ပြေးလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေရဲ့ပြောပြချက်အရ ကျေးရွာထဲနဲ့ အနီးအနားတောတောင်တွေမှာ မိုင်းတွေရှိနေမှာကို စိုးရိမ်ပြီး ရွာကိုပြန်သွားလို့ နေစရာအိမ်တွေမရှိသေးတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲတာကြောင့် လက်ရှိမှာ မပြန်နိုင်သေးတာလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်က အပစ်အခတ်ရပ်စဲပြီး မိုင်းရှင်းလင်းရေးတွေကို စစ်တွေ- ရန်ကုန် အဝေးပြေးလမ်းမတစ်လျှောက် လုပ်ဆောင်နေပြီး နောက်ပိုင်းမှာ ကျေးရွာတွေဖက်ကို ဆက်လက်ပြီး တဖြည်းဖြည်းရှင်းလင်းသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြီးခဲ့တဲ့ အပတ်က ပြောထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိပြီး အဲဒီထဲက နေရပ်ပြန်သူအနည်းစုသာရှိကြောင်း သိရပါတယ်။ #voiceofmyanmar #vom #ရခိုင်စစ်ဘေးရှောင်

Read More

သပိတ်ကျင်းဒေသခံတွေရဲ့ ၂မိုင်ကျော်ရှည်တဲ့ သပိတ်စစ်ကြောင်း

ဖေဖော်ဝါရီ ၂၈ -၂၀၂၁ ကိုလှရွှေ ၂မိုင်ကျော်လောက်ရှည် တဲ့ ဆိုင်ကယ်တန်း ၊ ကားတန်းကြီးတွေ နဲ့ သပိတ်ကျင်း ဒေသခံတွေက စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်နေကြတာပါ။ မန္တလေး – မိုးကုတ် အဝေးပြေးလမ်းမပေါ် သပိတ်ကျင်း ၊ ဇရပ်ကွင်းကျေးရွာ နားမှာ အခုလို လမ်းမအပြည့် ရှိတဲ့ ယာဉ်တန်းနဲ့လှည့်လည် ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ် ။ သပိတ်ကျင်းမြို့နယ်ထဲ က ကျေးရွာတွေ အားလုံးလိုလိုက ပူးပေါင်းကြတာကြောင့် အခုလောက်ထိ အင်အားများခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ #voiceofmyanmar #VOM #သပိတ်ကျင်း

Read More

ပြည်မြို့ဆန္ဒပြပြည်သူကို ကျည်အစစ်တွေနဲ့ပါပစ်ခတ်ဖြိုခွင်း

ဖေဖော်ဝါရီ ၂၈ -၂၀၂၁ Voice Of Myanmar ပြည်မြို့ တက္ကသိုလ် အရှေ့က ဆန္ဒပြပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က ရာဘာကျည်အပြင် ကျည်အစစ်နဲ့ပါ ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပါတယ်။ သတင်းထောက်တစ်ဥိးအပါအဝင် ပြည်သူ ၃ထက်မနည်း ထိခိုက်ဒဏ်ရာရာခဲ့ပါတယ်။ သတင်းထောက်ကို တမင်ချိန်ရွယ်ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရသူတွေကပြောပြပါတယ်။ #voiceofmyanmar #vom #ပြည်

Read More

မန္တလေး ဂေါ်ရာကွင်းအနောက်ဖက် ယာယီမင်္ဂလာဈေးနား ပြည်သူတဦးခေါင်းကို ကျည်မှန်ပြီး အခြားတဦး ခြေထောက်ကို ကျည်မှန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ညနေ ၅:၄၅ #voiceofmyanmar #VOM #မန္တလေး #ခေါင်းကျည်မှန်

Read More

ပခုက္ကူမြို့မှာ ဆန္ဒဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ လူ ၅၀ကျော်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ -၂၀၂၁ နေလင်းဖြူ(VOM) ပခုက္ကူ မြို့၊ ထင်တန်းလမ်းမှာ ဆန္ဒဖော်ထုတ်နေသူတွေကို ဒီကနေ့ဖေဖော်ဝါရီ ၂၈ရက် မနက်၁၀နာရီခန့်က စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် လူ ၅၀ဦးကျော်ဖမ်းဆီးခံရပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားဟာ ပခုက္ကူမြို့၊အမှတ် ၃ ရပ်ကွက်၊ ဂကွင်း ၃ လမ်းနေသူ အသက်၃၅နှစ်ရှိ ကိုနေလင်းဦး(ခ)နေမျိုးဦး ဖြစ်ပြီး ဘယ်ဘက်ပေါင်ရင်ကျည်ဆံထိမှန်ကာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ ဒီကနေ့ ပခုက္ကူမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ သပိတ်စစ်ကြောင်းတွေဟာ ပခုက္ကူမြို့အာဇာနည်းလမ်းသမာစာရလမ်းအတိုင်း ချီတက်ပြီး ဆန္ဒဖော်ထုတ်နေကြချိန် ထင်တန်းလမ်းမှာ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်ဖြိုခွင်းခဲ့တယ့်အပြင် အ ဝေးကနေပြီး လက်နတ်ငယ်အချို့နဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ပခုက္ကူ #လူတစ်ဦးသေဆုံး

Read More

မန္တလေးမှာတော့ ပြည်သူတွေက လမ်းတွေကိုလိုက်ပိတ်နေပြီး ရဲနဲ့စစ်တပ်ကလည်း အတားအဆီးတွေကို တောက်လျှောက်လိုက်ရှင်းနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ညနေ ၅ နာရီ #VoiceOfMyanmar #VOM #မန္တလေး

Read More

မြင်းခြံမြို့မှာ ပိတ်ပင်တားဆီးမှုရှိခဲ့ပေမယ့် ဆန္ဒပြခဲ့ကြ

ဖေဖော်ဝါရီ ၂၈-၂၀၂၁ MPG မြင်းခြံမြို့မှာ ရဲတပ်ဖွဲ့က ပိတ်ပင်တားဆီးမှူအချို့ ရှိခဲ့ပေမယ့် ပြည်သူတွေက အင်အားအလုံးအရင်းနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံ #ဆန္ဒပြ

Read More

ထားဝယ်ဆန္ဒပြပွဲ လူ၃ဦး သေဆုံးပြီး ၆၇ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၈-၂၀၂၁ STY ထားဝယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွဲခဲ့လို့ အနည်းဆုံး ၃ဦးသေဆုံးသွားပြီး ဒဏ်ရာရသူ ၁၀ဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။ လူစုခွဲရာမှာ ကျည်အစစ်တွေကို အသုံးပြုခဲ့တယ်လို့လည်း ရရှိထားတဲ့ အထောက်အထားတွေအရ သိရပါတယ်။ Edit- ထပ်မံရရှိတဲ့စာရင်းတွေအရ သေဆုံးသူ ၅ဦး၊ ‌ဒဏ်ရာရသူ ၆၇ ဦးနဲ့ ဖမ်းခံရသူ၁၇ ဦးရှိတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #ဆန္ဒပြ #၃ဦးသေ

Read More

ပြည်မြို့ ဆန္ဒပြ ပြည်သူတွေကို ဖြိုခွဲဖို့ ပစ်မိန့်ပေးခဲ့တဲ့ မြို့နယ်ရဲမှူး မိဘနေအိမ်ရှေ့မှာ မြိုခံတွေက ဆန္ဒပြ

ပြည်-ဖေဖော်ဝါရီ ၂၈-၂၀၂၁ သိင်္ဂီထွန်း(VOM) ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မနက်ပိုင်း ပြည်မြို့က ဆန္ဒပြလူထုကို ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက သေနတ်ပစ်မိန့်ပေးခဲ့လို့ဆိုပြီး ရဲမှူးရဲ့ မိဘတွေ နေအိမ်ရှေ့မှာ ဆန္ဒပြနေကြပါတယ်။ ရဲမှူးသန်းဇော်ဝင်းဟာ ပြည်မြို့နယ်ရဲမှူး၊ ပေါင်တည်ဇာတိဖြစ်ကြောင်း၊ မိဘတွေက ပေါင်းတည်မြို့မှာနေထိုင်ကြောင်း၊ ပြည်မြို့မှာ သေနတ်ပစ်ခတ်ဖြိုခွဲ့မှုအပြီးနောက်ပိုင်းမှာ ပေါင်းတည်မြို့သူမြို့သားတွေက ရဲမှူးမိဘအိမ်ရှေ့ကိုသွားရောက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ငြိမ်းချမ်းရွှေတည်ပန်းခြံဘေးက ရဲမှူးရဲ့ ညီမဖြစ်သူ ပိုင်ဆိုင်တဲ့ တောင်ညိုရိပ်စားသောက်ဆိုင်ရှေ့မှာလည်း ဆက်လက်ဆန္ဒပြကြမယ်လို့သိရပါတယ်။ ဒီကနေ့ ပြည်မြို့မှာတော့ ဆန္ဒပြ ပြည်သူတွေကို ရဲတပ်ဖွဲ့ နဲ့စစ်တပ်က ကျည်အစစ်၊ရာဘာကျည်တွေပစ်ခတ်ဖြိုခွင်ခဲ့ရာ ဒဏ်ရာရသူ ၁၀ ယောက်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ပြည်

Read More
VOM News

FREE
VIEW