ပြည်မြို့ ဆန္ဒပြ ပြည်သူတွေကို ဖြိုခွဲဖို့ ပစ်မိန့်ပေးခဲ့တဲ့ မြို့နယ်ရဲမှူး မိဘနေအိမ်ရှေ့မှာ မြိုခံတွေက ဆန္ဒပြ

ပြည်-ဖေဖော်ဝါရီ ၂၈-၂၀၂၁
သိင်္ဂီထွန်း(VOM)

ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မနက်ပိုင်း ပြည်မြို့က ဆန္ဒပြလူထုကို ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက သေနတ်ပစ်မိန့်ပေးခဲ့လို့ဆိုပြီး ရဲမှူးရဲ့ မိဘတွေ နေအိမ်ရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ရဲမှူးသန်းဇော်ဝင်းဟာ ပြည်မြို့နယ်ရဲမှူး၊ ပေါင်တည်ဇာတိဖြစ်ကြောင်း၊ မိဘတွေက ပေါင်းတည်မြို့မှာနေထိုင်ကြောင်း၊ ပြည်မြို့မှာ သေနတ်ပစ်ခတ်ဖြိုခွဲ့မှုအပြီးနောက်ပိုင်းမှာ ပေါင်းတည်မြို့သူမြို့သားတွေက ရဲမှူးမိဘအိမ်ရှေ့ကိုသွားရောက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ငြိမ်းချမ်းရွှေတည်ပန်းခြံဘေးက ရဲမှူးရဲ့ ညီမဖြစ်သူ ပိုင်ဆိုင်တဲ့ တောင်ညိုရိပ်စားသောက်ဆိုင်ရှေ့မှာလည်း ဆက်လက်ဆန္ဒပြကြမယ်လို့သိရပါတယ်။

ဒီကနေ့ ပြည်မြို့မှာတော့ ဆန္ဒပြ ပြည်သူတွေကို ရဲတပ်ဖွဲ့ နဲ့စစ်တပ်က ကျည်အစစ်၊ရာဘာကျည်တွေပစ်ခတ်ဖြိုခွင်ခဲ့ရာ ဒဏ်ရာရသူ ၁၀ ယောက်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW