ကလေးမြို့ စုပေါင်းရုံးရှေ့ ထိုင်သပိတ်ဆင်နွှဲ

ကလေး-ဖေဖေါ်ဝါရီ -၁၉-၂၀၂၁ Photo – သိမ်မွေ့ကဗျာ ကလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြတဲ့ ပြည်သူလူထုဟာ လှည့်လည်ရင်း ‌ဌာနပေါင်းစုံ ရုံးထိုင်ထားတဲ့ စုပေါင်းရုံးရှေ့ရောက်တဲ့အချိန်မှာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဓမ္မဆရာတွေလည်း ကလေးမြို့အနောက်ဖက်ခြမ်း တာဟန်းဖက်မှာ လှည့်လည်ဆန္ဒပြခဲ့ကြသလို ဇိုမီးလူငယ်အဖွဲ့တွေကလည်း ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြတာတွေ့ရပြီး ၁၂ ဘီးကုန်တင်ကားတွေလည်း သီးသန့်လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ # voiceofmyanmar # VOM # ကလေးမြို့

Read More

ပုသိမ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့

ဖေဖော်ဝါရီ ၁၈-၂၀၂၁ AA ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့ ပုသိမ်မြို့က အာဏာရှင်ဆန့်ကျင်ရေး မြို့တွင်းလှည့်လည်ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က လမ်းတစ်ချို့ကိုပိတ်ဆို့ထားခဲ့ပြီး မြကျွန်းသာအိမ်ရာလမ်းထိပ်မှာတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ လာရာလမ်းအတိုင်းပြန်လှည့်ခဲ့ကြပါတယ်။ ပုသိမ်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၁၃ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး ဒီနေ့မှာ မဲရုံတာဝန်ကျဆရာ ၊ဆရာမတွေပါ ပါဝင်ခဲ့တာကို‌ တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ #ရဲတပ်ဖွဲနဲ့ထိပ်တိုက်တွေ့

Read More

စစ်တပ်လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာအ နီးမှာ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖွဲ့ ထိုင်သပိတ်ပြုလုပ်ခဲ့

မန္တလေး၊ ဖေဖော်ဝါရီ- ၁၉- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့၊ လမ်း ၃၀၊ ၆၈ လမ်းဒေါင့် တိုင်းတရားရုံးအရှေ့မှာ စစ်တပ်က လုံခြုံရေးအပြည့်အဝယူထားပေမယ့် မန္တလေးမြို့ရဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖွဲ့က ထိုင်သ ပိတ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသပိတ်စစ်ကြောင်းအဖွဲ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာဆရာမများအဖွဲ့၊ သံဃသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသူကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေက ထိုင်သပိတ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #တပ်ပေါင်းစုသပိတ် #ဆန္ဒပြ

Read More

စစ်ကိုင်းတောင်ရိုးက သံဃာတော်တွေ ပါဝင်ပြီး စစ်ကိုင်းမြို့မှာ ချီတက်ဆန္ဒပြ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၉-၂၀၂၁ MTY တပ်မတော်အာဏာရယူထားမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက စစ်ကိုင်းတောင်ရိုးက သံဃာတော်တွေအပါအဝင် လူဦးရေသောင်းချီနဲ့ မြို့တွင်းကို စီတန်းလှည့်လည် ဆန္ဒပြနေပါတယ်။ အာဏာရှင်ဆန့်ကျင်ကြောင်း စစ်ကိုင်းမြို့မှာ လူထုချီတက်ဆန္ဒပြမှုဟာ ဒီနေ့နဲ့ဆို (၁၃)ရက်မြောက် ရှိပြီဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #စစ်ကိုင်း #ဆန္ဒပြ

Read More

တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိုမိုများပြားလာပေမယ့် တောင်ငူပြည်သူတွေ ဆန္ဒဆက်ပြ

ဖေဖော်ဝါရီ ၁၉-၂၀၂၁ ကောင်းလက်ျာ(VOM) ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့ တောင်ငူမြို့မှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိုမိုများပြားလာပေမယ့် မြို့ခံလူထုနဲ့‌ ကျောင်းသား၊ အလုပ်သမားစတဲ့ လူတန်းစား‌ပေါင်းစုံ ပြည်သူ ၈ သောင်းနီးပါးဟာ မနက် ၉ နာရီကျော်ကစပြီး တောင်ငူမြို့တွင်းလမ်းတွေပေါ်တက်ကာ ၁၂ ရက်‌မြောက်အ‌နေနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြ

Read More

လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်း

ဖေဖော်ဝါရီလ ၁၉-၂၀၂၁ ကိုတိုးကြီး(VOM) ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ ၁၃ ရက်နေ့မြောက် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူထုလူတန်းစားအလွှာစုံ ပါဝင်လာတာကို တွေ့ရပြီး ဆန္ဒပြသူအများစုက မီးဖိုချောင်သုံးစကောတွေ ကိုင်ဆောင်လာကြတာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးက “စကောက အကြမ်းခံတယ်၊ ရေအမြှောက်နဲ့ထိုးရင်လည် စကောနဲ့ ခုခံမယ်၊ လောက်လေးခွနဲ့ ပစ်ခတ်မယ်ဆိုရင်လည် ကာလို့ရတယ်။ အဲ့ဒါကြောင့် စကောကမ်ပိန်းလုပ်လိုက်တာပါ” လို့ ပြောပါတယ်။ ဒီကနေ့ဟာ ဥပုသ်နေ့ဖြစ်တာကြောင့် မုံရွာမြို့ပေါ်က ဈေးကြီးတွေပိတ်တဲ့အတွက် ဈေးသူဈေးသားတွေရဲ့ ဆန္ဒပြစစ်ကြောင်းမှာ လူအင်အား အလွန်များပြားလာပြီး ဆန္ဒပြသူ ၂ သိန်းဝန်းကျင်ရှိပါတယ်။ ဒါ့အပြင် CDM ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေကလည် အသီးသီး ဆန္ဒပြစစ်ကြောင်းတွေ ပူးပေါင်းပါဝင်လာတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြ

Read More
VOM News

FREE
VIEW