လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်း

ဖေဖော်ဝါရီလ ၁၉-၂၀၂၁
ကိုတိုးကြီး(VOM)

ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ ၁၃ ရက်နေ့မြောက် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူထုလူတန်းစားအလွှာစုံ ပါဝင်လာတာကို တွေ့ရပြီး ဆန္ဒပြသူအများစုက မီးဖိုချောင်သုံးစကောတွေ ကိုင်ဆောင်လာကြတာကို တွေ့ရပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးက “စကောက အကြမ်းခံတယ်၊ ရေအမြှောက်နဲ့ထိုးရင်လည် စကောနဲ့ ခုခံမယ်၊ လောက်လေးခွနဲ့ ပစ်ခတ်မယ်ဆိုရင်လည် ကာလို့ရတယ်။ အဲ့ဒါကြောင့် စကောကမ်ပိန်းလုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ဒီကနေ့ဟာ ဥပုသ်နေ့ဖြစ်တာကြောင့် မုံရွာမြို့ပေါ်က ဈေးကြီးတွေပိတ်တဲ့အတွက် ဈေးသူဈေးသားတွေရဲ့ ဆန္ဒပြစစ်ကြောင်းမှာ လူအင်အား အလွန်များပြားလာပြီး ဆန္ဒပြသူ ၂ သိန်းဝန်းကျင်ရှိပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေကလည် အသီးသီး ဆန္ဒပြစစ်ကြောင်းတွေ ပူးပေါင်းပါဝင်လာတာကို တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြ

လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW