စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ ဥပဒေချုပ်ကို အရေးပေါ် ဥပဒေ ပုဒ်မတွေအရ ထောင်ပို့ထား

မုံရွာ-ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်မောင်လှတို့ကို ဒီကနေ့ ဖေဖော်ရီ ၁၉ ရက် ညနေပိုင်းမှာ မုံရွာအကျဥ်းထောင်ကို အရေးပေါ် ဥပဒေ ပုဒ်မတွေအရ ပို့ဆောင်လိုက်ပြီလို့ ကနဦး သိရပါတယ်။ စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ တယောက် က ” ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ထိန်းသိမ်းခံရပြီး ၃ ရက်နေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ ပြန်လွတ်တယ် ၊နောက်ပြီး ဖေဖော်ဝါရီ ၈ ရက် နေ့ခင်း ၁၂ နာရီလောက်မှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ ဆန္ဒပြတောင်းဆိုနေတဲ့သူတွေကို ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ယက် Face…

Read More

ရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား(၃) ဦးအမှု နောက်လ ၅ ရက်နေ့မှာ အမိန့်ချမယ်

ဖေဖော်ဝါရီ ၁၉-၂၀၂၁ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား(၃) ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့် တစ်ဦးကိုသာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်းနဲ့ လာမယ့် မတ်လ (၅) ရက်နေ့မှာ ကျောင်းသား (၃) ဦးစလုံးကို ရုံးထုတ်စစ်ဆေးကာ အမိန့်ချသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်တစ်ယောက်တည်းကိုသာ စစ်ဆေးခဲ့တာဖြစ်ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်) ဥက္ကဌ ကိုတိုးတိုးအောင်က “ ရုံးထုတ်တာကတော့ ကျနော့် တစ်ယောက်ထဲကိုပဲ ထုတ်ပါတယ်။ တစ်ခြားရဲဘော်တွေကိုတော့ ရုံးထုတ်စစ်ဆေးခဲ့တာမရှိဘူး။ ဒီနေ့ ထောင်ပိတ်တဲ့ အတွက်ကြောင့်လို့ပြောတယ်။ သူတို့ကတော့ နောက်လ ၅ ရက်နေ့ကျမှပဲ ဒီအမှုကို စစ်ဆေးပြီး ဆုံးဖြတ်နိုင်မယ်လို့ ပြောတယ်။” လို့ ပြောပါတယ်။…

Read More

“CDM ကိုအောင်မြင်အောင် နောက်ကွယ်ကနေ ထောက်ပံ့ပေးသွားပါမယ်”

ဖေဖော်ဝါရီ ၁၉-၂၀၂၁ အေးချမ်းသူ(VOM) CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အခက်အခဲက ဘာတွေလဲ။ CDMကြောင့် လစာမရရင်၊ ဝန်ထမ်းလိုင်းခန်းကနေ ပြောင်းရွှေ့ခိုင်းရင်ဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်နေတာတွေစတဲ့ အခက်အခဲတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာ CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထောက်ပံ့ပေးမယ့် ပီတိအဖွဲ့က တာဝန်ရှိသူတစ်ဦးကို VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ VOM- ညီမတို့အဖွဲ့အနေနဲ့ CDMမှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ အခုလိုထောက်ပံ့မယ်ဆိုတဲ့ အိုင်ဒီယာကို ဘယ်လိုရခဲ့တာလဲ။ ပီတိ- ညီမတို့အဖွဲ့က လူငယ်တွေပဲဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း CDMရယ်လို့ဖြစ်လာတဲ့အခါမှာ ညီမတို့လည်း စဉ်းစားလိုက်တယ်၊ CDMလုပ်တာတော့ဟုတ်တယ်၊ ဒါတွေဟာ ရေရှည်ဖြစ်လာခဲ့ရင် ပညာရေးဝန်ထမ်းတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရမလဲပေါ့။ ပြီးတော့ညီမတို့အကုန်လုံးက ကျောင်းအသိုင်းအဝိုင်းထဲကသူတွေ အများကြီးပါတယ်။ ဒါကြောင့်မို့ ကိုယ်ဆရာမတွေကို ကိုယ်ထောက်ပံ့ပေးချင်တယ်ပေါ့ အဲ့ဒါကနေစတာပါ။ ညီမတို့အဲ့ကနေစပြီး ကျောင်းတွေလိုက်ဆက်သွယ်မယ်။ ကျောင်းမှာရှိတဲ့ CDMလုပ်နေတဲ့ ဆရာမစာရင်းတွေယူမယ်၊ ထောက်ပံ့ပေးမယ်ပေါ့နော်။ မလိုအပ်တဲ့သူလည်းရှိတယ် လိုအပ်တဲ့သူလည်းရှိတဲ့အခါကျတော့…

Read More

မြစ်ကြီးနားမှာ ဆန္ဒပြဖို့ လူစုနေသူတွေကို စစ်တပ်ကဖမ်းဆီး

ဖေဖော်ဝါရီ ၁၉-၂၀၂၁ ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့ ဈေးကြီးလမ်းအနီး မြတ်မွန်ဆေးဆိုင်ရှေ့မှာ ဆန္ဒပြသွားဖို့ လူစုနေသူတွေကို စစ်တပ်က လူစုခွဲ ဖမ်းဆီးသွားခဲ့ပါတယ်။ မျက်မြင်ပြောပြသူတွေကတော့ ၁၁ ဦးလောက် အဖမ်းအဆီးခံရတယ်လို့ ဆိုပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ #ဖမ်းဆီး

Read More

နေပြည်တော်မှာ ဆန္ဒပြသူ မရှိသလောက်နည်း

ဖေဖေါ်ဝါရီ ၁၉-၂၀၂၁ ကိုထွန်း(VOM) ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေပြည်တော် သပြေကုန်းအဝိုင်းအနီး အခြေအနေကတော့ မနေ့ညနေပိုင်းက လုံခြုံရေးတပ်က အကြမ်းဖက် လူစုခွဲပြီးနောက် ဒီနေ့ဆန္ဒပြသူ အတော်နည်းသွားပါတယ်။ နေပြည်တော်ပျဉ်းမနား-တောင်ညိုကားလမ်း၊ရာဇသင်္ဂဟလမ်းတလျှောက် လုံခြုံရေးယာဉ်တန်းတွေ လှည့်ပတ်နေတာကြောင့် ပျဉ်းမနား မင်္ဂလာကန်တော်အနီး ဗိုလ်ချူပ်ကြေးရုပ်တု ပန်းခြံမှာဘဲ ဆန္ဒပြနေတာကို မြင်တွေ့ရပါတယ်။ #voicofmyanmar #VOM #နေပြည်တော်

Read More

ကလေးမြို့ စုပေါင်းရုံးရှေ့ ထိုင်သပိတ်ဆင်နွှဲ

ကလေး-ဖေဖေါ်ဝါရီ -၁၉-၂၀၂၁ Photo – သိမ်မွေ့ကဗျာ ကလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြတဲ့ ပြည်သူလူထုဟာ လှည့်လည်ရင်း ‌ဌာနပေါင်းစုံ ရုံးထိုင်ထားတဲ့ စုပေါင်းရုံးရှေ့ရောက်တဲ့အချိန်မှာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဓမ္မဆရာတွေလည်း ကလေးမြို့အနောက်ဖက်ခြမ်း တာဟန်းဖက်မှာ လှည့်လည်ဆန္ဒပြခဲ့ကြသလို ဇိုမီးလူငယ်အဖွဲ့တွေကလည်း ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြတာတွေ့ရပြီး ၁၂ ဘီးကုန်တင်ကားတွေလည်း သီးသန့်လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ # voiceofmyanmar # VOM # ကလေးမြို့

Read More

ပုသိမ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့

ဖေဖော်ဝါရီ ၁၈-၂၀၂၁ AA ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့ ပုသိမ်မြို့က အာဏာရှင်ဆန့်ကျင်ရေး မြို့တွင်းလှည့်လည်ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က လမ်းတစ်ချို့ကိုပိတ်ဆို့ထားခဲ့ပြီး မြကျွန်းသာအိမ်ရာလမ်းထိပ်မှာတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ လာရာလမ်းအတိုင်းပြန်လှည့်ခဲ့ကြပါတယ်။ ပုသိမ်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၁၃ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး ဒီနေ့မှာ မဲရုံတာဝန်ကျဆရာ ၊ဆရာမတွေပါ ပါဝင်ခဲ့တာကို‌ တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ #ရဲတပ်ဖွဲနဲ့ထိပ်တိုက်တွေ့

Read More

စစ်တပ်လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာအ နီးမှာ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖွဲ့ ထိုင်သပိတ်ပြုလုပ်ခဲ့

မန္တလေး၊ ဖေဖော်ဝါရီ- ၁၉- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့၊ လမ်း ၃၀၊ ၆၈ လမ်းဒေါင့် တိုင်းတရားရုံးအရှေ့မှာ စစ်တပ်က လုံခြုံရေးအပြည့်အဝယူထားပေမယ့် မန္တလေးမြို့ရဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖွဲ့က ထိုင်သ ပိတ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသပိတ်စစ်ကြောင်းအဖွဲ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာဆရာမများအဖွဲ့၊ သံဃသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသူကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေက ထိုင်သပိတ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #တပ်ပေါင်းစုသပိတ် #ဆန္ဒပြ

Read More
VOM News

FREE
VIEW