စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ ဥပဒေချုပ်ကို အရေးပေါ် ဥပဒေ ပုဒ်မတွေအရ ထောင်ပို့ထား

မုံရွာ-ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်မောင်လှတို့ကို ဒီကနေ့ ဖေဖော်ရီ ၁၉ ရက် ညနေပိုင်းမှာ မုံရွာအကျဥ်းထောင်ကို အရေးပေါ် ဥပဒေ ပုဒ်မတွေအရ ပို့ဆောင်လိုက်ပြီလို့ ကနဦး သိရပါတယ်။

စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ တယောက် က ” ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ထိန်းသိမ်းခံရပြီး ၃ ရက်နေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ ပြန်လွတ်တယ် ၊နောက်ပြီး ဖေဖော်ဝါရီ ၈ ရက် နေ့ခင်း ၁၂ နာရီလောက်မှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ ဆန္ဒပြတောင်းဆိုနေတဲ့သူတွေကို ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ယက် Face book စာမျက်နှာပေါ်ကနေ Live လွှင့်ပြီး ကျေးဇူတင် စကားပြောကြား အပြီး အချိန်အနည်းငယ်အတွင်းးမှာ အစိုးရ ဝန်ထမ်းအိမ်ယာ နေအိမ်လိုင်းခန်းကနေ ဒတိယအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၁ ရက်မြောက်တဲ့ ဒီကနေ့ ညနေ ၄ နာရီလောက် ရဲစခန်းမှာအမှုဖွင့်ပြီး လူကိုတော့ မုံရွာအကျဥ်းထောင်ကို ပို့ထားတယ်လို့ ကြားရတယ် ” လို့ ပြောပါတယ်။

ဖေဖေါ်ဝါရီ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ဟာ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ” ကျွန်တော်တို့ ဘယ်အာဏာရှင်မှ အလိုမရှိပါဘူး ၊ အခုလို အာဏာရှင်ကို ရဟန်ရှင်လူပြည်သူတွေက ဆန့်ကျင်နေတာတွေ့ရတော့ ကြက်သီးတောင်ထရတယ် ၊ အခုလို အာဏာရှင် ဆန့်ကျင်နေတဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော်က နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတယ် “လို့ ပြည်သူကို ထုတ်လွှင့်ပြောကြားခဲ့တာ ဖြစ်ပါတယ် ။

စစ်ကိုင်းးတိုင်း ဥပဒေချုပ် ဦးခင်မောင်လှဟာ အစိုးရသစ် မဖွဲ့ခင် ကြားကလ အချိန်တွေမှာ ဝန်ထမ်းအားလုံး ရုံးပိတ်ရက်ဆိုပြီး တိုင်းအစိုးရအဖွဲ့ ကိုယ်စား ထုတ်ပြန်ကြေငြာခဲ့တာတွေရှိတယ်လို့ သိရပါတယ် ။

” အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ ၁၂၄ (ဂ) ဖြစ်မလား တိတိကျကျ မသိရသေးဘူး
ဝရမ်းကေ့စ်ဖြစ်နေတယ်၊ အဲ့ဒါကြောင့် ရုံးဖွင့်ရက်မှာ တရားရုံး ဦးတိုက်လျောက်ရမယ့် အခြေအနေဖြစ်တယ် ၊အရေးပေါ် ဥပဒေ ပုဒ်မတွေပဲလို့ ပြောလို့ရမှာပါ ္” လို့ အမည်ဖေါ်လို့ မသင့်တဲ့ ရဲအရာရှိက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို အတည်ပြုချက် ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW