နိုဝင်ဘာ-၂၈-၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ မနေ့နိုဝင်ဘာလ ၂၇ရက်၊ ညနေပိုင်းအချိန်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ တလသားအရွယ် ကလေးငယ်အပါအဝင် ခြောက်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကုန်းပေါကျေးရွာကို နိုဝင်ဘာလ ၂၇ရက်၊ ညနေ ၃နာရီဝန်းကျင်မှာ ဖယ်ခုံမြို့ဖက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ခုနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့က ပစ်ခတ်လိုက်တယ်ဆိုတာကိုတော့ VOM အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
“ခြောက်ယောက်သေတဲ့အထဲမှာ တမိသားစုထဲက သုံးယောက်ပါတယ်။ လက်နက်ကြီးတွေက အတွဲလိုက်ပစ်တာ ထင်တယ်။ ခြောက်လုံး၊ ခုနှစ်လုံးဆက်တိုက် ကျလာတော့ ဘယ်လိုမှ ရှောင်ချိန်မရလိုက်ဘူး။ သုံးယောက်ကတော့ ဒဏ်ရာရတယ်၊ နှစ်ယောက်က မစိုးရိမ်ရဘူး။ တယောက်က စိုးရိမ်ရတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ကုန်းပေါကျေးရွာဟာ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး အခြားဒေသက စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဖယ်ခုံမြို့နဲ့ ကပ်ရက်တည်ရှိတဲ့ မိုးဗြဲမြို့မှာတော့ နစက၊ PNOပြည်သူ့စစ်တပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေအားလုံးနီးပါးဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး စောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...