တောင်ငူ မြန်မာ့စီးပွားရေးဘဏ်ရှေ့ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ချက်ခြင်းလူစုခွဲ

ဖေဖော်ဝါရီ ၁၆-၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဗိုလ်မှုးဖိုးကွန်းလမ်းပေါ်က မြို့နယ်အဆင့်မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က CDM ပြုလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ချက်ခြင်းလူစုခွဲခဲ့တယ်လို့ ‌သိရပါတယ်။ “ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေဟာ ရေကားတွေ၊ အချုပ်ကား‌တွေနဲ့ ချက်ခြင်းရောက်လာပြီး လူစုခွဲတယ်။ ဖမ်းဆီးခံရသူတော့ မရှိဘူး။ နှစ်ဖက်ညှိနှိုင်းပြီးလူစုခွဲသွားကြတယ်။ အခုထိတော့ ရဲနဲ့တပ်က ဘဏ်ရှေ့လုံခြုံရေးယူနေတုန်းပဲလို့” လူစုခွဲတာကို မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။ တောင်ငူမြို့နယ် ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသား‌‌‌ကျောင်းသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တစ်သောင်းနီးပါးခန့်ဟာ ဒီနေ့မနက် ၉ နာရီလောက်က စတင်ပြီး အာဏာရှင်စနစ်အလိုမရှိကြောင်း စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပြီး ဆယ်နာရီခန့်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့ကို ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းတွေ CDM မှာပါဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ်အတွင်း အာဏာရှင်စနစ်အလိုမရှိဘူးဆိုတဲ့ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတွေကို ဖေဖော်ဝါရီလ ၅…

Read More

ရွှေပြည်သာ စက်ရုံအလုပ်သမားသပိတ်

ဖေဖော်ဝါရီ ၁၆ -၂၀၂၁ ဓါတ်ပုံ – HA ရွှေပြည်သာ ထန်းခြောက်ပင်မီးပွိုင့် ရွှေပြည်သာ စက်ရုံအလုပ်သမားသပိတ်မှာ ဆိုရှယ်ဒီမိုကရက်တစ်တပ်ဦးက ကိုကျော်ကိုကိုလည်း လာရောက်ဟောပြောခဲ့ပါတယ်။ #voiceofmyanmar #VOM #ရွှေပြည်သာ

Read More

ကလေးမြို့က ဆန္ဒပြမှု

ဖေဖော်ဝါရီ ၁၆ – ၂၀၂၁ ဓါတ်ပုံ – သိမ်မွေ့ကဗျာ ဖေဖော်ဝါရီလ ၁၆ ရက် ဒီကနေ့မနက် ၉ နာရီခွဲကစပြီး စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာ ဌာနဆိုင်ရာတွေပါဝင်တဲ့ ပြည်သူလူထု တစ်သောင်းကျော်က ဆန္ဒပြခဲ့ကြပါတယ်။ တစ်ရက်တည်း နှစ်ကြိမ်လှည့်လည်မှာဖြစ်ပြီး နေ့လည် ၂ နာရီမှာ ကလေးမြို့ အနောက်ဖက်ခြမ်း တာဟန်းဖက်မှာ ဒုတိယအကြိမ် လှည့်လည်ဆန္ဒပြသွားဦးမယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

နေပြည်တော်

သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတစ်ထောင်ဝန်းကျင်ကို သတ်မှတ်စည်းကျော်ရင် အကြမ်းဖက်ဖြိုခွင်းမယ်လို့ အသိပေး ဓါတ်ပုံ – ကိုထွန်း(VOM) #voiceofmyanmar #VOM #နေပြည်တော်

Read More

မုံရွာမှာ ကိုးရက်မြောက် ဆန္ဒဆက်ပြ

ဖေဖော်ဝါရီ ၁၆-၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နစအကောင်စီကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြ လှုပ်ရှားမှုကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက် မနက်ပိုင်းက နဝမနေ့အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ ဆန္ဒပြရာမှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနဲ့ အခြား ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတချို့လည်း လာရောက်ပူးပေါင်း ပါဝင်ကြပါတယ်။ ဒါ့အပြင် မုံရွာမြို့ပေါ်က ဈေးသူဈေးသားတွေနဲ့အတူ ပြည်သူလူထု ၁ သိန်းနဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဒီမနက် ၉ နာရီက ဆင်ဖြူရာမ ပြသာဒ်ကျောင်းကနေ မြို့ထဲကို စတင်ချီတက်လာတာကိုလည်း တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြပွဲ

Read More

အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့တဲ့ မန္တလေးမြို့ စီးပွားရေးဘဏ်ခွဲ့(၁)ရှေ့မှာ လုံခြုံရေးတင်းကြပ်

ဖေဖော်ဝါရီ ၁၆ -၂၀၂၁ VOICE OF MYANMAR မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၆ လမ်းထောင့်က မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)ရှေ့မှာ ဒီကနေ့မနက်ပိုင်း လုံခြုံရေးတင်ကြပ်ထားတာကို တွေ့ရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၅ရက်နေ့ ညနေပိုင်းက အဲ့ဒီ ဘဏ်ရှေ့မှာဆန္ဒပြတဲ့သူတွေကို တပ်မတော်နဲ့ ရဲယူနီဖောင်းဝတ်ဆင်ထားတဲ့သူတွေက အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြမှုကို လေသေနတ်တွေအပြင် လေးခွ၊ ရာဘာတုတ် စတဲ့ လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး ဆန္ဒထုတ်ဖော်တဲ့သူတွေကို ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေထဲမှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီဖမ်းဆီးခံရတဲ့သူတွေကိုတော့ အမှတ် (၈) နယ်မြေရဲစခန်းက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဆန္ဒထုတ်ဖော် #ဒဏ်ရာရ #တပ်မတော် #ပစ်ခတ်ခံရ

Read More

ပြည်ကကျောင်းသား ထောင်ချီပြီး အစိုးရဘဏ်ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ တောင်းဆို

ဖေဖော်ဝါရီ ၁၅-၂၀၂၁ သိင်္ဂီထွန်း(VOM) ဒီနေ့ ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက ကျောင်းသားဦးရေ ထောင်ဂဏန်းကျော်ရှိတဲ့ သပိတ်စစ်ကြောင်းဟာ ပြည်မြို့မှာရှိတဲ့ အစိုးရဘဏ်တွေရှေ့ကိုသွားရောက်ပြီး ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်နေပါတယ်။ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ရဲတပ်ဖွဲ့နဲ့စစ်သားတွေ အများအပြားလုံခြုံရေးရယူထားတဲ့ ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းမှာ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ဘဲ ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ ထိုင်သပိတ်ပြုလုပ်ပြီး တွန်းအားပေးနေကြတာကိုလည်း တွေ့ရပါတယ်။ ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်က တံခါးပိတ်ပြီး အလုပ်လုပ်နေကြတယ်လို့လည်း သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #ကျောင်းသားထောင်ချီ #အစိုးရဘဏ်တွေရှေ့ #ထိုင်သပိတ်လုပ်

Read More
VOM News

FREE
VIEW