မုံရွာမှာ ကိုးရက်မြောက် ဆန္ဒဆက်ပြ

ဖေဖော်ဝါရီ ၁၆-၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နစအကောင်စီကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြ လှုပ်ရှားမှုကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက် မနက်ပိုင်းက နဝမနေ့အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီ ဆန္ဒပြရာမှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနဲ့ အခြား ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတချို့လည်း လာရောက်ပူးပေါင်း ပါဝင်ကြပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်က ဈေးသူဈေးသားတွေနဲ့အတူ ပြည်သူလူထု ၁ သိန်းနဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဒီမနက် ၉ နာရီက ဆင်ဖြူရာမ ပြသာဒ်ကျောင်းကနေ မြို့ထဲကို စတင်ချီတက်လာတာကိုလည်း တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW