ဖေဖေါ်ဝါရီ ၂၅-၂၀၂၁ NLP #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #ပခုက္ကူမြို့
Read MoreMonth: February 2021
တပ်ထောက်ခံပွဲလုပ်ပြီး လေးခွနဲ့ပစ်သူတွေကို ပြည်သူတွေက ဖမ်းဆီး
ဖေဖေါ်ဝါရီ ၂၅-၂၀၂၁ မင်းထက်စံ တပ်မတော်ထောက်ခံတဲ့သူတွေနဲ့ အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြသူတွေ အပြန်အလှန်ရိုက်ကြတာတွေ ၊ လောက်လေးတွေ ၊ ခဲတွေနဲ့ ပစ်ခတ်တာကြောင့် ရပ်ကွက်နေပြည်သူက တပ်မတော်ထောက်ခံတဲ့သူတွေကို လက်ရဖမ်းဆီးခဲ့ကြပါတယ်။ လတ်တလောအခြေအနေမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူမီးရထားဝန်းထဲက သာသနာ့ဟိတဓရ ဓမ္မာရုံမှာ ဖမ်းမိထားတဲ့ တပ်မတော်ထောက်ခံသူ ၃၀ လောက်ကို ထိမ်းသိမ်းထားတယ်လို့သိရပါတယ်။ ဖမ်းမိတဲ့သူတွေကို ရဲလက်အပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #သိမ်ဖြူမီးရထားဝန်း#တပ်မတော်ထောက်ခံသူတွေဖမ်းမိ
Read Moreတပ်ထောက်ခံပွဲကို ရွာအမည်သုံးလို့ ရွာလုံးကျွတ်ဆန္ဒပြ
ဖေဖေါ်ဝါရီ ၂၅-၂၀၂၁ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တဦးက အလုပ်သမားတွေကိုစုစည်းပြီး ဖေဖေါ်ဝါရီလ၂၃ရက်နေ့က ညောင်ခြေထောက်ကျေးရွာအမည်တပ်ပြီး တပ်ထောက်ခံပွဲလုပ်ခဲ့တာကို မကျေနပ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ ညောင်ခြေထောက်ကျေးရွာက ရွာလုံးကျွတ်နီးပါး လမ်းပေါ်ထွက် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကာ ဥသျှစ်ပင်မြို့မှာ ထိုင်သပိတ်လုပ်နေတာတွေ့ရပါတယ်။ #VoiceOfMyanmar #VOM #တပ်ထောက်ခံပွဲ #ရွာလုံးကျွတ်ဆန္ဒပြ #ညောင်ခြေထောက်ကျေးရွာ
Read Moreဆူးလေဘုရားနားမှာ တပ်မတော် ထောက်ခံပွဲလုပ်သူတွေနဲ့ ရပ်ကွက်နေပြည်သူတွေ ရုန်းရင်းဆန်ခတ်ဖြစ် လူစုကွဲ
ဖေဖေါ်ဝါရီ ၂၅ -၂၀၂၁ မင်းထက်စံ တပ်မတော်ထောက်ခံပွဲလုပ်တဲ့ လူစုဟာ ရန်ကုန်ဘူတာကြီးကနေ စပြီးချီတက်ဆန္ဒပြလာတာကို ရပ်ကွက်နေ ပြည်သူလူထုက သံပုံးတီးကာ တန်ပြန်ဆန္ဒပြခဲ့ပါတယ်။ အဲ့ဒီလို တန်ပြန်ဆန္ဒပြရာကနေ ၂ ဖက်အပြန်အလှန် လေးခွတွေနဲ့ပစ်ခတ်မှုဖြစ်ပြီး ခုတော့ လူစုကွဲသွားပြီဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #တန်ပြန်ဆန္ဒပြ
Read Moreတောင်ငူဒေသခံပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
ဖေဖော်ဝါရီ ၂၅-၂၀၂၁ ကောင်းလက်ျာ(VOM) အာဏာသိမ်းမှုကို တောင်ငူမြို့မှာ ဆန့်ကျင်ကန့်ကွက်နေတာ ဆယ့်ခြောက်ရက်ရှိလာချိန် လူအင်အားအနည်းငယ် ကျဆင်းလာပေမယ့် ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီက ပညာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဌာန၊မီးရထားဌာန၊ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ခန့်ဟာ လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး #လူထုသပိတ် #တောင်ငူ
Read Moreမုံရွာအခြေစိုက် သတင်းသမား ၂ ယောက် ၅၀၅(က) နဲ့ အမှုဖွင့်ခံရပြီး အာမခံနဲ့ပြန်လွတ်
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ မုံရွာအခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် ဒေါ်တင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် ဒေါ်ခင်မေစန်းတို့ ၂ ဦးကီု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး တယောက်ကို သိန်း ၅၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ အာမခံနဲ့ ပြန်လွတ်လာသူ ကာယကံရှင် ဒေါ်တင်မာဆွေ ပြောပြတာက “ကျမတို့ကိုလွှတ်ပေးတာကြိုဆိုပေမယ့် သတင်းတင်ပြမှုအပေါ် ဒီပုဒ်မနဲ့ဖွင့် အရေးယူတာတော့ လက်ခံနိုင်စရာမရှိပါဘူး ၊ကျမတို့ သတင်းမှာက မသင်္ကာလို့ဖမ်းခံရသူကို ရှေ့နေတွေ ရပ်မိရပ်ဖတွေရှေ့ မေးထားတာထုတ်လွှင့်တာပါ၊နောက်ထပ် ဘက်မျှဖို့ စခန်းကိုသွားမေးဖို့ကြိုးစားချိန် ဖမ်းခံရတာမို့ ကျမတို့ ဘာမှ မမှားပါဘူး” လို့ပြောပါတယ်။ သူတို့ ဖမ်းခံရတဲ့ကိစ္စဟာ ၂၂ ရက်ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်…
Read Moreရေဦးမြို့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ
ဖေဖော်ဝါရီ ၂၅-၂၀၂၁ KAL #VoiceOfMyanmar #VOM #ရေဦးမြို့ #အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ
Read Moreပုသိမ်မြို့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ(၁၉)ရက်မြောက်နေ့ မြင်ကွင်း
ဖေဖော်ဝါရီ ၂၅-၂၀၂၁ KA ပုသိမ်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၁၉ရက်မြောက်နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ မြို့တွင်းလည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ပုသိမ်မြို့ #၁၉ရက်မြောက်နေ့
Read Moreလှည်းတန်းက GZ တွေလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ သနပ်ခါးတိုက်ပွဲ
ဖေဖေါ်ဝါရီ ၂၅-၂၀၂၁ အေးချမ်းသူ(VOM) စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ G Zမျိုးဆက်တွေဟာ ဒီနေ့မနက်ပိုင်းက မြေနီကုန်းကုန်းတံတားအောက်မှာ လူပေါင်းရာနှင့်ချီကာ သနပ်ခါးတိုက်ပွဲကန်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။ ခရီးသွားအေဂျင်စီမှာလုပ်ငန်း ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဇွန်လေးက “သနပ်ခါးဆိုတာ အေးချမ်းတယ်လေ၊ သနပ်ခါး ဆိုတဲ့အတိုင်း သနပ်တွေခါးသွားအောင်လုပ်တာ အောင်ပွဲတွေရရင်တောင်သနပ်ခါးနဲ့ သပြေခက်ကို ပက်ဖြန်းရသေးတာပဲ”လို့ VOMကို ပြောပါတယ်။ လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သနပ်ခါးတိုက်ပွဲလုပ်တာမှာ လိမ်းသူ/မလိမ်းသူ ကွဲပြားမှုများလည်းရှိနေပါတယ်။ ရန်ကုန်မှာ တပ်မတော်အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၆ရက်နေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #vom # သနပ်ခါး
Read Moreမုံရွာအခြေစိုက် သတင်းသမား ၂ ယောက် ဖမ်းဆီး စစ်ဆေးခံနေရ
ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ မုံရွာအခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် ဒေါ်တင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် ဒေါ်ခင်မေစန်းတို့ ၂ ဦးကို သတင်းတင်ပြပုံ တဖက်သတ်ဖြစ်နေတဲ့ အတွက်ဆိုပြီး မုံရွာမြို့မရဲစခန်းမှာ ဒီကနေ့ မနက် ၉ နာရီလောက်ကတည်းက စတင်ပြီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ စစ်ဆေးခံနေရသူ ကာယကံရှင် ဒေါ်တင်မာဆွေ ပြောပြတာက “၂၂ ရက်ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် လုံခြုံရေး အဖွဲ့က ဖမ်းဆီးထားတဲ့ မသင်္ကာသူ အမျိုးသား တစ်ယောက်ကို စစ်ဆေးမေးမြန်းနေတဲ့ ရုပ်သံသတင်းမှာ စစ်တပ်ဖက်က ခိုင်းစေတယ်ဆိုတဲ့ကိစ္စ နဲ့ပတ်သက်ပြီး MCN TV News သတင်းဌာနက ဖော်ပြတဲ့အခါ တဖက်သတ်ဖြစ်နေတဲ့အတွက် ၂…
Read More