ဖေဖော်ဝါရီ ၂၅-၂၀၂၁
ကောင်းလက်ျာ(VOM)
အာဏာသိမ်းမှုကို တောင်ငူမြို့မှာ ဆန့်ကျင်ကန့်ကွက်နေတာ ဆယ့်ခြောက်ရက်ရှိလာချိန် လူအင်အားအနည်းငယ် ကျဆင်းလာပေမယ့် ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီက ပညာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဌာန၊မီးရထားဌာန၊ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ခန့်ဟာ လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
#VoiceOfMyanmar #VOM #စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး #လူထုသပိတ် #တောင်ငူ