ဖေဖော်ဝါရီ ၂၃ -၂၀၂၁ ရှိုင်းအောင်(VOM) ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရတနာပုံသင်္ဘောကျင်းမှာ ဆန္ဒပြတဲ့သူတွေကို တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းတဲ့အချိန် ဒဏ်ရာရတဲ့သူတွေကို ကူညီရင်း ဝမ်းဗိုက်ကိုကျည် မှန်ပြီး သေဆုံးခဲ့ရတဲ့ ကိုမင်းမင်း အသက် ၃၇ နှစ်ရဲ့ ဈာပနပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကိုမင်းမင်း အသက် ၃၇ နှစ်ရဲ့ ရုပ်အလောင်းကိုတော့ မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်က မီးသဂြိုဟ် ခဲ့တာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဆန္ဒပြ #အကြမ်းဖက်ဖြိုခွင်း #ကိုမင်းမင်း #ရတနာပုံသင်္ဘောကျင်း
Read MoreMonth: February 2021
ရခိုင် ပ.စ.အ ကောင်စီဝင်တွေ ကိုဗစ်ကာကွယ်ဆေးစထိုး
ဖေဖော်ဝါရီ ၂၃- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းကစပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေကြောင်း သိရပါတယ်။ ရခိုင် ပ.စ.အ ကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ အဖွဲ့ဝင်တွေ စစ်တွေဆေးရုံမှာ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေမှာယူတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေက ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက် က စပြီး ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့ပြီး လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ပုံမှန်အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးနေတာဖြစ်ပါတယ်။ ဒီနေ့ ကာကွယ်ဆေးထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံက တာဝန်ရှိသူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် မေးမြန်းလို့ မရခဲ့ပါဘူး။…
Read Moreစစ်ကိုင်းတိုင်း ပင်လည်ဘူးမှာလည်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ
ဖေဖော်ဝါရီ ၂၃-၂၀၂၁ WZ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ မနက်၁၀ နာရီအချိန်က ကားကြီးဝင်းကနေစုဝေးပီး လူအင်အား ရာဂဏန်းနဲ့ မြို့ထဲမိန်းလမ်းပေါ် မှာ အာဏာရှင်ဆန့်ကျင်ရေး လှည့်လှည်ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ မြို့နယ်ထွေအုပ်ရုံးရှေ့မှာလည်း လူငယ် ၅၀လောက်က CDM ကမ်ပိန်း ပြလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပင်လည်ဘူး #အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြ
Read Moreမြင်းခြံမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၇ ရက်မြောက် လူထုဆန္ဒထုတ်ဖော်မှု
ဖေဖော်ဝါရီ ၂၃-၂၀၂၁ ဓါတ်ပုံ – KM #VoiceOfMyanmar #VOM #မြင်းခြံမြို့ #၁၇ရက်မြောက် #လူထုဆန္ဒထုတ်ဖော်မှု
Read Moreကျွန်းလှမြို့မှာ န.စ.အ ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း ဆန္ဒပြ
ဖေဖော်ဝါရီ ၂၃-၂၀၂၁ ဓါတ်ပုံ – ကိုအောင်နိမိတ် စစ်ကိုင်းတိုင်း ကျွန်းလှမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ န.စ.အ ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒပြ #VoiceOfMyanmar #VOM #ကျွန်းလှမြို့ #အုပ်ချုပ်ရေးမှူးတွေအလိုမရှိ #ဆန္ဒပြ
Read Moreအာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဆက်လက်ပြုလုပ်ခဲ့
ဖေဖော်ဝါရီ ၂၃-၂၀၂၁ ST ကျန်းမာရေးဝန်ထမ်းတွေ၊ NLD ပါတီဝင်တွေ၊ လူထုလူတန်းစားအသီးသီးက ပြည်သူတွေ အင်အားအများအပြားနဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #ဆန္ဒပြ
Read Moreကုန်သည်လမ်းနဲ့ အောက်ပန်းဆိုးတန်းထောင့်က CDMပါဝင်တဲ့ မြန်မာမီးရထားဝန်ထမ်းတွေရဲ့ သပိတ်စစ်ကြောင်း
Photos-HA #voiceofmyanmar #VOM #မြန်မာ့မီးရထား
Read Moreမြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ဥရောပသမဂ္ဂ ထုတ်ပြန်
ဥရောပသမဂ္ဂကောင်စီ ၂၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံအခြေအနေအပေါ် ဆွေးနွေးမှု နိဂုံးချုပ်ရလာဒ်များ(၂၂ ဖေဖော်ဝါရီ ၂၀၂၁) ၁. ဥရောပသမဂ္ဂသည် မြန်မာပြည်မှ ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး ဖေဖေါ်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်၌ မြန်မာနိုင်ငံတွင် တပ်မတော်၏ အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချပါသည်။ ဥရောပသမဂ္ဂသည် လက်ရှိဖြစ်ပေါ်နေသော အရေးအခင်းအား အရှိန်အဟုန်မြင့်တက်လာမှု မရှိစေရန်အတွက် အရေးပေါ် အခြေအနေကို ချက်ခြင်းရပ်တန့်ရန်၊ အရပ်သားအစိုးရ ပြန်လည်ထူထောင်ရန်နှင့် အသစ်ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကို ဖွင့်လှစ်ရန်တို့ကိုလည်း တောင်းဆိုလိုက်သည်။ နိုဝင်ဘာလ ၈ ရက် ၂၀၂၀ ခုနှစ်က ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲရလဒ်ကို အလေးထားလိုက်နာရမည်။ တပ်မတော်သည် မိမိတို့၏ လုပ်ဆောင်မှုကို စွန့်လွှတ်ရမည်။ ၂. ဥရောပသမဂ္ဂသည် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ဖမ်းဆီး၊ ချုပ်နှောင်ခံထားရသူများအားလုံးကို…
Read Moreကျည်ဆံ(၁၅)ချက်သင့်ပြီး သေဆုံးခဲ့တဲ့ ပရဟိတဓါရီ နိဗ္ဗာန်ကားလေးကို ပို့ဆောင်သဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ရင်း ဆန္ဒပြ
ဖေဖော်ဝါရီ- ၂၃- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်းက ၃၄ လမ်း ၇၉ လမ်းမှာရှိတဲ့ ပရဟိတဓာရီ အသင်းကိုပါ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တဲ့အတွက် “ကျည် (၁၅)ချက် သင့်ပြီး သေဆုံးခဲ့တဲ့ ပရဟိတဓါရီ နိဗ္ဗာန်ယာဉ်လေးကို ပို့ဆောင်သဂြိုဟ်ခြင်း” အခမ်းအနား ပြုလုပ်ရင်း မြို့အတွင်းကို လှည်လည်ပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ကတော့ ၃၄ လမ်း ၇၈× ၇၉ လမ်းနားက ရထားသံလမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်းမှာ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “စစ်အာဏာရှင်ဖြုတ်ချရေးလို့ အော်မှ ဆန္ဒထုတ်ဖော်တာ မဟုတ်ဘူး ကျနော်တို့တတွေဟာ လက်သုံးချောင်းထောင်ရင်လည်း ဆန္ဒထုတ်ဖော်တာပဲ အဲ့လိုဘဲ ယာဉ်တန်းကြီးနဲ့ ကမ္ဘာကို ချပြတာလည်း ကျတော်တို့တတွေက အာဏာရှင်စနစ်ဆိုးကို လုံးဝအလိုမရှိဘူးဆိုတာ ဆန္ဒထုတ်ဖော်တာဖြစ်တယ်”…
Read Moreပုသိမ်မှာ ကျိန်စာတိုက်ပြီး ဆန္ဒပြ
ဖေဖော်ဝါရီ ၂၃-၂၀၂၁ AA နစအကောင်စီကို ကျိန်စာတိုက်ပွဲတခု ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရေကြည်ဦးဘုရားရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ မူလက ရေကြည်ဦးဘုရားဝန်းအတွင်းမှာ ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် ဂေါပကအဖွဲ့က ဝင်ခွင့်မပေးတာကြောင့် ဘုရားရှေ့အဝင်ပေါက်မှာပဲ ပြုလုပ်ခဲ့ကြရပါတယ်။ နစအကောင်စီကို ကျိန်စာတိုက်ခဲ့တဲ့အပြင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အသက်ပေးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ကျိန်စာတိုက် #ရေကြည်ဦးဘုရားရှေ့
Read More