ကျည်ဆံ(၁၅)ချက်သင့်ပြီး သေဆုံးခဲ့တဲ့ ပရဟိတဓါရီ နိဗ္ဗာန်ကားလေးကို ပို့ဆောင်သဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ရင်း ဆန္ဒပြ

ဖေဖော်ဝါရီ- ၂၃- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်းက ၃၄ လမ်း ၇၉ လမ်းမှာရှိတဲ့ ပရဟိတဓာရီ အသင်းကိုပါ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တဲ့အတွက် “ကျည် (၁၅)ချက် သင့်ပြီး သေဆုံးခဲ့တဲ့ ပရဟိတဓါရီ နိဗ္ဗာန်ယာဉ်လေးကို ပို့ဆောင်သဂြိုဟ်ခြင်း” အခမ်းအနား ပြုလုပ်ရင်း မြို့အတွင်းကို လှည်လည်ပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ကတော့ ၃၄ လမ်း ၇၈× ၇၉ လမ်းနားက ရထားသံလမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်းမှာ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“စစ်အာဏာရှင်ဖြုတ်ချရေးလို့ အော်မှ ဆန္ဒထုတ်ဖော်တာ မဟုတ်ဘူး ကျနော်တို့တတွေဟာ လက်သုံးချောင်းထောင်ရင်လည်း ဆန္ဒထုတ်ဖော်တာပဲ အဲ့လိုဘဲ ယာဉ်တန်းကြီးနဲ့ ကမ္ဘာကို ချပြတာလည်း ကျတော်တို့တတွေက အာဏာရှင်စနစ်ဆိုးကို လုံးဝအလိုမရှိဘူးဆိုတာ ဆန္ဒထုတ်ဖော်တာဖြစ်တယ်” လို့ ပရဟိတဓါရီအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့် (ပရဟိတမင်းခေါင်)က ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်လို့ သေနတ်မှန်ပြီး သေဆုံးခဲ့ရတဲ့သူတွေအတွက် အလှူငွေတွေကိုလည်း သူတို့ရဲ့မိသားစုဝင်တွေကို ဒီရက်ပိုင်းအတွင်း ထောက်ပံ့ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရတနာပုံသင်္ဘော ကျင်းမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတဲ့ ဖြစ်စဉ်မှာလည်း ကယ်ဆယ်ရေးပြု လုပ်နေတဲ့ မေတ္တာမြင်းမိုရ် ပရဟိတအသင်းကားတစ်စီး ကျည်အစစ်တွေနဲ့ ပတ်ခတ်ခံခဲ့ရပါတယ်။

တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက် ပိုင်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းရာမှာ ပရဟိတလုပ်ဆောင်နေကြတဲ့ သူတွေကိုပါ ဖြိုခွင်းခဲ့တဲ့အတွက် ကျည်ဆန်ထိမှန်ခဲ့တဲ့ကားတွေနဲ့ ပရဟိတလုပ်ဆောင်နေသူတွေပါ ကျည်မှန်လို့ ဒဏ်ရာရခဲ့သူတွေ ရှိနေပါတယ်။

#VOM #voiceofmyanmar #mandalay #ပရဟိတအသင်း #ကျည်အစစ် #ဆန္ဒပြ #ဒဏ်ရာရ

ကျည်ဆံ(၁၅)ချက်သင့်ပြီး သေဆုံးခဲ့တဲ့ ပရဟိတဓါရီ နိဗ္ဗာန်ကားလေးကို ပို့ဆောင်သဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ရင်း ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW