ဆန္ဒပြကျောင်းသားတွေ လက်ခံထားတယ်ဆိုပြီး ပြည်ကအိမ်တလုံးကို ရဲဝင်ဖျက်

မတ် ၄-၂၀၂၁
VOM

ပြည်မြို့၊ မြို့သစ် ၂ လမ်းက နေအိမ်တစ်အိမ်ကို ဆန္ဒပြကျောင်းသားတွေ လက်ခံထားတယ်ဆိုပြီး ဒီနေ့ မတ်လ ၄ရက်နေ့မှာ ရဲတွေက ဝင်ရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။

ဒီနေ့မနက်ပိုင်းက ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေအသုံးပြုပြီး လူစုခွဲပြီးနောက် ကျောင်းသားတွေလက်ခံထားတယ်ဆိုပြီး အဲ့ဒီအိမ်ကို ဝင်ရှာခဲ့တာဖြစ်ပါတယ်။

တစ်အိမ်လုံး အိမ်အပေါ်ထပ်၊ အောက်ထပ်ကိုပါ ဖျက်ဆီးခဲ့ကာ ဘုရားတည်ဖို့ထားတဲ့ အလှူခံပုံးကိုဖျက်စီးပြီး ပိုက်ဆံတွေယူသွားသလို CCTV ၃လုံးနဲ့ ဆိုင်ကယ်တစီးလည်း ဖျက်စီးခံရတယ်လို့ သိရပါတယ်။

ဆန္ဒပြကျောင်းသားတွေကိုတော့ အဲ့ဒီအိမ်ထဲမှာ ရှာမတွေ့သွားဘူးလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပြည် #အိမ်ကိုဝင်ဖျက် #ဆန္ဒပြကျောင်းသားဝင်ရှာ

Related posts

Leave a Comment

VOM News

FREE
VIEW