မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ ပြင်သစ်သမ္မတ မာခရို ထုတ်ဖော်ပြောဆို

ပါရီ၊ မတ်-၄-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်သစ်သမ္မတ မာခရိုက ဒီနေ့ မတ်လ ၄ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုပြီးနောက် မနေ့ကဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ ဖြိုခွင်းမှုမှာ အသေအပျောက်အများဆုံးအဖြစ် ဆန္ဒပြသူ ၃၈ ဦးထိသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြီး တစ်ရက်အကြာမှာ ပြင်သစ်သမ္မတက အခုလိုက်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်မှာ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်ဖြိုးခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့သူတွေ လွှတ်ပေးဖို့နဲ့ မကြားသေးမီက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုက ထွက်ပေါ်လာတဲ့ ရလဒ်ကိုလေးစားဖို့ ပြင်သစ်နိုင်ငံက တောင်းဆိုကြောင်း၊ ပြင်သစ်ဟာ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ သမ္မတမာခရိုက သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ ဒီနေ့ မတ် ၄ ရက်မှာလည်း မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ဟာ နေရာအနှံအပြားမှာ မျက်ရည်ယိုဗုံတွေ၊ သေနတ်တွေအသုံးပြုပြီး…

Read More

ဆန္ဒပြကျောင်းသားတွေ လက်ခံထားတယ်ဆိုပြီး ပြည်ကအိမ်တလုံးကို ရဲဝင်ဖျက်

မတ် ၄-၂၀၂၁ VOM ပြည်မြို့၊ မြို့သစ် ၂ လမ်းက နေအိမ်တစ်အိမ်ကို ဆန္ဒပြကျောင်းသားတွေ လက်ခံထားတယ်ဆိုပြီး ဒီနေ့ မတ်လ ၄ရက်နေ့မှာ ရဲတွေက ဝင်ရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။ ဒီနေ့မနက်ပိုင်းက ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေအသုံးပြုပြီး လူစုခွဲပြီးနောက် ကျောင်းသားတွေလက်ခံထားတယ်ဆိုပြီး အဲ့ဒီအိမ်ကို ဝင်ရှာခဲ့တာဖြစ်ပါတယ်။ တစ်အိမ်လုံး အိမ်အပေါ်ထပ်၊ အောက်ထပ်ကိုပါ ဖျက်ဆီးခဲ့ကာ ဘုရားတည်ဖို့ထားတဲ့ အလှူခံပုံးကိုဖျက်စီးပြီး ပိုက်ဆံတွေယူသွားသလို CCTV ၃လုံးနဲ့ ဆိုင်ကယ်တစီးလည်း ဖျက်စီးခံရတယ်လို့ သိရပါတယ်။ ဆန္ဒပြကျောင်းသားတွေကိုတော့ အဲ့ဒီအိမ်ထဲမှာ ရှာမတွေ့သွားဘူးလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #အိမ်ကိုဝင်ဖျက် #ဆန္ဒပြကျောင်းသားဝင်ရှာ

Read More

မန္တလေးက သံဃသမဂ္ဂ သပိတ်စစ်ကြောင်းအဖွဲ့ မစိုးရိမ်ကျောင်းတိုက်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့

မန္တလေး၊ မတ် – ၄- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းအဖွဲ့က မစိုးရိမ်ကျောင်းတိုက်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး “စစ်အာဏာရှင် အလိုမရှိ”ကြောင်းကို လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #သံဃသမဂ္ဂ

Read More

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ နိုင်ငံတကာသတင်းအဖွဲ့အစည်းတွေ တောင်းဆို

ပါရီ၊ မတ်-၄-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက ဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ သတင်းသမားတွေ ခြိမ်ခြောက်ခံနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့နဲ့ သတင်းသမားများ ကာကွယ်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ပါ အဲဒီအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂ ရက်နေ့မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အာဏာရှင်အစိုးရက သတင်းသမားတွေအပေါ် ဖြိုခွင်းနေတာတွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့လကစပြီး မြန်မာနိုင်ငံဖြစ်ပွားနေတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအတွင်း လက်ရှိအချိ်န်ထိ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၂၈ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေအပေါ် သေစေလောက်တဲ့လက်နက်တွေကို ရုတ်တရက်အသုံးပြုလာတဲ့နည်းတူ သတင်းသမားတွေအပေါ်ကို တုန့်ပြန်မှုကလည်း ပြောင်းလဲလာနေပြီး…

Read More

ပြည်မြို့ဆန္ဒပြလူထုထဲမှာ လက်နက်တွေနဲ့ အရပ်ဝတ်ရဲတစ်ဦးကို လူထုက ဖမ်းဆီးရမိ

မတ် ၄-၂၀၂၁ VOM ပြည်မြို့၊ ခေတ္တရာရပ်ကွက်မှာ ဒီနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းက ဆန္ဒပြနေတဲ့ ပြည်သူတွေအကြား အရပ်ဝတ်လူတစ်ဦးကိုဖမ်းဆီးပြီး စစ်ဆေးရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိထားတဲ့လူ လွယ်ထားတဲ့အိတ်ထဲမှာ စမတ်ဖုန်း ၃ လုံး၊ ဒါးမြှောင်တချောင်း၊ လောက်လေးခွတစ်လက်၊ အဆစ်ပါသံတုတ်တစ်ချောင်း၊ ရဲကော်လံတံဆိပ်တစ်စုံ၊ ရဲဝန်ထမ်းကဒ်၊ မှတ်ပုံတင်တခုနဲ့ ATM ကဒ်တခု တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ “သူ့ကိုသပိတ်စစ်ကြောင်း နောက်လိုက်လာတာတွေ့လို့ မေးကြည့်တာ ဒီနားကအသိအိမ်ကိုလာတယ်ပြောတယ်။ နောက်ကထပ်လိုက်လာပြီး ဖုန်ဆက်နေတာတွေ့လို့ ကျနော်တို့စစ်ဆေးကြည့်တော့ သူ့လွယ်ထားတဲ့အိတ်ထဲကနေ ရဲကဒ်နဲ့ လက်နက်တွေတွေ့တာပါ” လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပြပါတယ်။ ရပ်ကွက်နေပြည်သူတွေရဲ့ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုအရ ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်းဟာ ပြည်မြို့ အမှတ် ၃ နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ရဲဝန်ထမ်းက “ကျနော်ကအခုကိစ္စနဲ့ ပတ်သက်ပြီးတော့ လာတာမဟုတ်ဘူး။…

Read More

သတင်းမီဒီယာကောင်စီ ပြန်လည်ဖွဲ့စည်းရေးမှာ ပါဝင်မယ့်သူတချို့ရှိလာ

မန္တလေး-မတ်-၄-၂၀၂၁ Voice Of Myanmar   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာ ကောင်စီဝင်အတော်များများ နုတ်ထွက်သွားလို့ ၂ ဦးတည်းကျန်တာမို့ ကောင်စီဝင်အဆိုပြုလွှာတွေ လျှောက်ထားဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးတဲ့အပတ်က ကြေငြာခဲ့ပါတယ်။   လက်ရှိအနေအထားမှာ နစအကောင်စီက လုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားလို့ လက်ခံထားသူ ၄ယောက်ထွက်ပေါ်လာတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ သူတို့ ၄ယောက်ကတော့ ဦးခင်မောင်အေး( မြန်မာတိုင်းမ်၊ထရိတ်တိုင်းမ် အယ်ဒီတာဟောင်း)  ဒေါက်ထွေး(ဆေးမန်း)ခေါ်  ဒေါက်တာတင်မောင်ထွေး၊ မြင်းမူ မောင်နိုင်မိုး၊ မောင်စိမ်းနော်(လယ်ဝေး) တို့ဖြစ်ပါတယ်။   ဒီထဲက ဦးခင်မောင်အေးကို VOM က ဆက်သွယ်မေးကြည့်ထားတာကို တင်ပြပေးလိုက်ပါတယ်။   VOM: နောက်ဖွဲ့မယ့် MPC မှာ ဆရာစာရင်းတင်သွင်းထားတယ် ဆိုတာမျိုးကြားလို့ ဟုတ်လားဆရာ။ UKMA: ကျနော်က စာရင်းတင်သွင်းတာတော့ မဟုတ်ပါဘူး။ ကျနော့်ကို သူတို့က မေတ္တာရပ်ခံတာပေါ့။ မေတ္တာရပ်ခံတာတော့ အမှန်အတိုင်းလုပ်ရမှာပဲတဲ့ အစိုးရဘက်ကလည်း…

Read More

ပြည်မြို့က ဆန္ဒပြ သပိတ်ပစ်ခတ်ဖြိုခွဲခံရပေမယ့် လူထုက ထပ်မံဆန္ဒပြဖို့ လုပ်နေ

မတ် ၄-၂၀၂၁ VOM ဒီနေ့ မတ်လ ၄ ရက်နေ့ ပြည်မြို့ကဆန္ဒပြမယ့် ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က လာရောက် ဖြိုခွဲခဲ့မှုမှာ ဖမ်းဆီးခံလိုက်ရသူတွေ ရှိခဲ့ပေမယ့် ကျောင်းသားနဲ့ ပြည်သူတွေက ဆန္ဒထပ်ပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ဆန္ဒပြမှုကို ပြည်မြို့၊ မြို့သစ်ထဲမှာစုရပ်လုပ်ကာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီစုရပ်ကိုပဲ စစ်တပ်နဲ့ရဲက ရောက်လာပြီး ဖြိုခွဲကာ လိုက်လံဖမ်းဆီးမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်သူတွေ ဖမ်းခံရလဲဆိုတာတော့ မသိရသေးပါဘူး။ ဆန္ဒပြလူထုကို ဖြိုခွဲမှုမှာ စစ်တပ်နဲ့ရဲက ရာဘာကျည်နဲ့ လိုက်လံပစ်ခတ်မှုရှိခဲ့ပေမယ့် ဒဏ်ရာရသူ မရှိဘူးလို့သိရပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြသပိတ် #ဖြိုခွဲခံရ #ပြည်

Read More

မကြယ်စင် သေဆုံးခဲ့တဲ့နေရာမှာ ဆုတောင်းပွဲပြုလုပ်

မန္တလေး၊ မတ် ၄ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ မတ်လ ၃ ရက်နေ့က ထိုင်သပိတ်ပြုလုပ်သူတွေကို စစ်တပ်နဲ့ ရဲတွေကအကြမ်းဖက်ဖြိုခွင်းတဲ့အ ချိန် အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့နေရာမှာ ဆုတောင်းပွဲပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ရုပ်အ လောင်းကိုတော့ ဒီကနေ့ နေ့လယ်ပိုင်း အေးရိပ်ငြိမ်သု ဿာန်မှာ မီးသဂြိုဟ်မယ်လို့ သိရပါတယ်။ မန္တလေးက ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်း ဖက် ဖြိုခွင်းခဲ့တာကြောင့် မတ် လ ၃ ရက်နေ့မှာ လူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ဆန္ဒပြ #သေဆုံး #မကြယ်စင်

Read More

ပစ်ခတ်ဖြိုခွင်းဖို့ လုံခြုံရေးတွေ ထူထပ်စွာ အသင့်ရှိနေတဲ့ကြားက မုံရွာ ဆန္ဒပြ သပိတ်စစ်ကြောင်း ချီတက်

မတ် ၄ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လူစု လူဝေးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ လုံခြုံရေးတပ်တွေ မြို့နေရာအနှံ့ ထူထပ်စွာ အသင့်ရှိနေတဲ့ကြားက ဆန္ဒပြ သပိတ် စစ်ကြောင်းဟာ ဒီမနက် ၉ နာရီမှာ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြတာတွေကို လမ်းမကြီးတွေပေါ်မှာ လုပ်ဆောင်နေတာ မြင်တွေ့ရပါတယ်။ မနေ့ မတ် ၃ ရက် မနက်ပိုင်းက မုံရွာမြို့ ထန်းတောရပ်ကွက် ပြည်ထောင်စုလမ်းနဲ့ ဘုရားနီ လမ်းဆုံနေရာမှာ လုံခြုံရေးတပ်ဖွဲ့က လူစု လူဝေးဖြိုခွင်းတဲ့အခါ သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရလို့ ဆန္ဒပြသူ လူ ၉ ယောက်သေဆုံးခဲ့တယ်လို့ သတင်းရပြီးVOM က အတည်ပြုနိုင်တာ ၇ယောက်ပဲရှိပါသေးတယ်။ လက်ရှိအနေအထားမှာတော့ ထိပ်တိုက်မဖြစ်အောင်ရှောင်ကွင်းပြီး မနေ့က ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့နာရေးကို ဝိုင်းကူဖို့ ဆန္ဒပြသူတွေက လူစုခွဲလိုက်ပြီလို့သိရပါတယ်။…

Read More

ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ကျည်ထိမှန်ခဲ့တဲ့ ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

ကလေး -မတ်-၄-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ဆန္ဒပြကြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်‌တွေနဲ့ ပစ်ခတ်ဖြိုခွင်းချိန်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ မနေ့က ညနေပိုင်းမှာပဲ မန္တလေးမြို့သို့ အရေးပေါ်ခွဲစိတ်ကုသဖို့ ပို့ဆောင်နေစဉ်မှာပဲ လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက အတည်ပြုပါတယ်။ မတ်လ ၂ ရက်တုန်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကလေးမြို့ မြို့လယ်ခေါင် လမ်းဆုံမီးပွိုင့်မှာ နေရာယူကာ ဆန္ဒပြပြည်သူလူထုအား မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရေကားတို့နဲ့ လူစုခွဲခဲ့တဲ့အပြင် ရာဘာကျည်၊ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် စိုးရိမ်ရသူ ၅ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ပါတယ်။ ဆန္ဒပြပြည်သူလူထုထဲမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက်က အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ…

Read More
VOM News

FREE
VIEW