မကြယ်စင် သေဆုံးခဲ့တဲ့နေရာမှာ ဆုတောင်းပွဲပြုလုပ်

မန္တလေး၊ မတ် ၄ -၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာ မတ်လ ၃ ရက်နေ့က ထိုင်သပိတ်ပြုလုပ်သူတွေကို စစ်တပ်နဲ့ ရဲတွေကအကြမ်းဖက်ဖြိုခွင်းတဲ့အ ချိန် အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့နေရာမှာ ဆုတောင်းပွဲပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ကျည်ဆံထိမှန်လို့ သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ရုပ်အ လောင်းကိုတော့ ဒီကနေ့ နေ့လယ်ပိုင်း အေးရိပ်ငြိမ်သု ဿာန်မှာ မီးသဂြိုဟ်မယ်လို့ သိရပါတယ်။

မန္တလေးက ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်း ဖက် ဖြိုခွင်းခဲ့တာကြောင့် မတ် လ ၃ ရက်နေ့မှာ လူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #Mandalay #မန္တလေး #ဆန္ဒပြ #သေဆုံး #မကြယ်စင်

Related posts

Leave a Comment

VOM News

FREE
VIEW