မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ ပြင်သစ်သမ္မတ မာခရို ထုတ်ဖော်ပြောဆို

ပါရီ၊ မတ်-၄-၂၀၂၁
မျိုးဆက် (VOM)
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်သစ်သမ္မတ မာခရိုက ဒီနေ့ မတ်လ ၄ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုပြီးနောက် မနေ့ကဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ ဖြိုခွင်းမှုမှာ အသေအပျောက်အများဆုံးအဖြစ် ဆန္ဒပြသူ ၃၈ ဦးထိသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြီး တစ်ရက်အကြာမှာ ပြင်သစ်သမ္မတက အခုလိုက်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်မှာ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်ဖြိုးခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့သူတွေ လွှတ်ပေးဖို့နဲ့ မကြားသေးမီက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုက ထွက်ပေါ်လာတဲ့ ရလဒ်ကိုလေးစားဖို့ ပြင်သစ်နိုင်ငံက တောင်းဆိုကြောင်း၊ ပြင်သစ်ဟာ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ သမ္မတမာခရိုက သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။
ဒီနေ့ မတ် ၄ ရက်မှာလည်း မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ဟာ နေရာအနှံအပြားမှာ မျက်ရည်ယိုဗုံတွေ၊ သေနတ်တွေအသုံးပြုပြီး ဆန္ဒပြမှုတွေကို ဖြိုခွင်းနေပြီး လက်ရှိအချိန်ထိတော့ သေဆုံးဒဏ်ရာရရှိသူ မရှိသေးပါဘူး။
ဆန္ဒပြသူတွေကတော့ စစ်အုပ်ချုပ်ရေးကို လက်သင့်မခံပဲ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နို၀င်ဘာရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုနေကြပါတယ်။
Ref : Reuters
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW